close

မာနာခ်လိပ်ပြာ

close

December 6, 2021

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းသို့ မာနာခ်လိပ်ပြာအကောင်ရေ သန်းချီ ရောက်လာ

အကောင်ရေ သန်းချီတဲ့ မာနာ့ခ်လိပ်​ပြာတွေဟာ မက္ကဆီကို နိုင်ငံအလယ်ပိုင်း မီချွာကန် ပြည်နယ်က ဘေးမဲ့တောဆီ  ရောက်လာနေကြပါတယ်။

မာနာ့ခ် လိပ်ပြာတွေဟာ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံမြောက်ပိုင်းက အအေးဒဏ်ကနေ ရှောင်ဖို့ မြောက်အမေရိက တိုက်တခုလုံးကို ကျော်ပြီး  မက္ကဆီကို လယ်ပိုင်းမှာ ဆောင်းခိုရင်း မျိုးပွား လေ့ရှိပါတယ်။

မိုင်ထောင်ချီ ပျံသန်းလာတဲ့ မာနာ့ခ် လိပ်ပြာတွေရဲ့ ခရီးစဉ်ဟာ ကမ္ဘာလှည့် ခရီးသည်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ ဒေသခံတွေကို ဆွဲဆောင်တဲ့ တနှစ်တခါ မြင်နေကျ သဘာဝဖြစ်စဉ်လည်း ဖြစ်ပါတယ်။

မိုင် ၂၀၀၀ ကျော် ခရီးကို ပျံသန်းလာတဲ့ လိပ်ပြာတွေဟာ မက္ကဆီကို ရဲ့ ဧက ၃၂၀၀၀ ကျော် ကျယ်တဲ့ လိပ်ပြာဘေးမဲ့တောအတွင်းက စည်ကားနေတာပါ။ ဒါပေမဲ့  လိပ်ပြာ ကောင်ရေ ကျဆင်းလာနေတာကို ပညာရှင်တွေက သတိပေးထားပါတယ်။ 

၂၀၂၀ ဒီဇင်ဘာမှာ ၂ ဒသမ ၁ ဟက်တာကို လိပ်ပြာတွေ သိမ်းပိုက်ထားပေမဲ့  ၂၀၁၉ ခုနှစ်ကတော့ ၂ ဒသမ ၈ ဟက်တာကို လိပ်ပြာတွေ သိမ်းပိုက်ထားခဲ့တယ်လို့ ကမ္ဘာ့ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အုပ်စု WWF က ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှုက လိပ်ပြာတွေ ရွှေ့ပြောင်းမှု ဖြစ်စဉ်အပေါ်သက်ရောက်သလို အမေရိကန် နိုင်ငံအတွင်း လိပ်ပြာတွေအတွက် စားနပ်ရိက္ခာရင်းမြစ်ဖြစ်တဲ့ စားကျက်မြေဖြစ်ရာ နို့ပေါင်းပင်တွေ နည်းပါးလာတဲ့အတွက် လိပ်ပြာကောင်ရေအပေါ် သက်ရောက်တာ ဖြစ်နိုင်တယ်လို့ WWF က အသိပေးထားပါတယ်။

2 mins Ago
Up