မန်စီးတီးအသင်းဟာ တောင်ပံတိုက်စစ်ကစားသမားမာရက်ဇ်ကို ၃ နှစ်သက်တမ်းတိုးစာချုပ်ချုပ် ဆိုခဲ့ပါတယ်။
အယ်ဂျီးရီးယားသားဟာ မန်စီးတီးအသင်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပြီး အောင်မြင်မှုတွေဆက်ပြီး ရယူသွားချင်တယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာပြောပါတယ်။
မန်စီးတီး အသင်းမှာ မိနစ်တိုင်းက ကျေနပ်ပျော်ရွှင်စရာဖြစ်ပြီး ထူးချွန်တဲ့ အသင်းတစ်သင်းရဲ့အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင်ခွင့်ရလို့ ဂုဏ်ယူကြောင်းလည်း မာရက်ဇ်ကပြောပါတယ်။
၂၀၁၈ ခုနှစ်က လက်စတာကနေပြောင်းရွှေ့လာတဲ့ မာရက်ဇ်ဟာ စီးတီးအတွက် ၁၈၉ ပွဲ ကစားထားပြီး ၈၉ ဂိုး သွင်းယူထားပါတယ်။ မန်စီးတီးဟာ စတာလင်နဲ့ ဂျေးဆူ တို့ကို ရောင်းချခဲ့ပေမယ့် ဖိုဒန်နဲ့အတူ မာရက်ဇ်ကိုလည်း ဆက်ထိန်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။