ဘဝအတွက် တောင်ပံများလို့ နာမည်ပေးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ မာရသွန်ပြေးပွဲကို မေလ ၈ ရက်က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၅ နိုင်ငံက အပြေးသမား အယောက် ၁၆၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ပြိုင်ပွဲမှာ စတဲ့နေရာနဲ့ ပန်းတိုင်ကို သတ်မှတ်မထားဘဲ ကမ္ဘာတဝန်းက ပြိုင်ပွဲဝင်တွေဟာ အကြီးစား အပြေးသမားအုပ်စု ခုနှစ်ထဲမှာ တစုအနေနဲ့ဖြစ်ဖြစ်၊ စီစဉ်ထားတဲ့ အဖွဲ့ထဲမှာ ဖြစ်စေ ဒါမှမဟုတ် တယောက်ချင်းဖြစ်စေ အက်ပ်တခုမှတဆင့် အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတာပါ။
တာထွက်ပြီး မိနစ် ၃၀ အကြာမှာ ထွက်လာတဲ့ ပြိုင်ပွဲဝင်တွေကို အမီလိုက်တဲ့ကားက ပြိုင်ပွဲဝင် အပြေးသမားကို မီလာတဲ့အချိန်မှာ ပြိုင်ပွဲအဆုံးသတ်ပါတယ်။
တနင်္ဂနွေနေ့မှာ ဆင်နွှဲတဲ့ ၉ ကြိမ်မြောက် မာရသွန်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ သူတို့ကို ကားက လိုက်မမီခင် ပျမ်းမျှအားဖြင့် ၁၁ ဒသမ ၉ ကီလိုမီတာ ပြေးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံသူ နီနာဇာရီနာကတော့ အမျိုးသမီးပွဲစဉ်မှာ နိုင်ဖို့ ၅၆ ကီလိုမီတာ ပြေးခဲ့ပါတယ်။
အမျိုးသမီး မာရသွန်ချန်ပီယံ နီနာ ဇာရီနာက “ကျမက ခြေကုန်လက်ပန်းကျသလို ခံစားရတယ်။ ၅၅ ကီလိုမီတာ ပြေးရတာ ခက်ပါတယ်။ ဒါပေမဲ့ အပြေးသမားအားလုံးနဲ့ အတူ နောက်ဆုံးမှာ ကျမအင်မတန် ပျော်ရတယ်” လို့ ပြောပါတယ်။
တိုကျိုမြို့မှာ ပြေးခဲ့တဲ့ ပြိုင်ပွဲဝင် ဂျပန်အပြေးသမား ဂျိုဖုခုဒါ့ ကတော့ ၆၄ ဒသမ ၄၃ ကီလိုမီတာ ပြေးပြီး အမျိုးသားချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ပြိုင်ပွဲဝင်ကြေးတွေနဲ့ အလှူငွေတွေဆီကနေ ကျောရိုးအာရုံကြောမကြီး သုတေသနအတွက် ယူရိုငွေ ၄ ဒသမ ၇ သန်း ရခဲ့ပါတယ်။
ဘဝအတွက်တောင်ပံများ ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် အာနီတာ ဂျာဟတ်တာက “ဒီငွေပမာဏက တကယ့်ကို အံ့ဩစရာမို့ တကယ့်ကို ကျမ ရင်တွေအရမ်းခုန်နေပါတယ်။ လူပေါင်း ၁၆၁,၈၉၂ ယောက်က ကျောရိုးအာရုံကြောမ သုတေသနအတွက် ယူရိုငွေ ၄ ဒသမ ၇ သန်းကို ရအောင် လုပ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
ကမ္ဘာတဝန်းက လူတိုင်း တချိန်တည်းမှာ ပြိုင်ပွဲဝင်ရတာဖြစ်လို့ တချို့က ညမှာ ပြေးခဲ့ရသလို တချို့က နေ့ပိုင်းမှာ ပြေးခဲ့ရတာပါ။
တချို့ ပြိုင်ပွဲဝင်တွေက အပူဆုံးနေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဂျိုင်ပူရ်မြို့က အပူချိန် ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ် အောက်ကနေ ပြေးခဲ့ရသလို အအေးဆုံးနေရာဖြစ်တဲ့ ဂရင်းလန်ကျွန်း နေးဆွေ့ချ်မြို့က အပူချိန် ရေခဲမှတ်အောက် အနုတ် ၈ ဒီဂရီ ဆဲလ်စီးယပ်စ် အောက်ကနေ ပြေးခဲ့ရသူလည်း ရှိပါတယ်။
၂၀၂၂ ပြေးပွဲ ပြီးဆုံးတဲ့အခါ အပြေးသမားတွေဟာ ၂၀၂၃ မှာ ကျင်းပမယ့် ပြိုင်ပွဲရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည် အထူးပြေးပွဲကို မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ကူညီတာဖြစ်ပြီး 100PLUS အချိုရည်က ဦးဆောင်မှုနဲ့ ၁၅ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲနဲ့ ၉ ကီလိုမီတာ အပြေးပြိုင်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်တွေဟာ မန္တလေးနန်းတော်ကျုံး၊ မန္တလေးတောင်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရားနဲ့ ကုသိုလ်တော်ဘုရားတွေကိုဖြတ်ပြီး ယှဉ်ပြိုင်ရင်း အကောင်းဆုံး စံချိန်တွေနဲ့ ပန်းဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
၁၅ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲကို မနက် ၅ နာရီခွဲက စတင်တာလွှတ်တာကာ ၉ ကီလိုမီတာ အပြေးပြိုင်ပွဲကိုတော့ မနက် ၆ နာရီမှာ တာလွှတ်ခဲ့ပြီး ကစားသမားတွေဟာ ၇၁ လမ်း၊ ၂၆လမ်း နှင့်၂၇လမ်းကြားရှိ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီရုံးဝန်းအရှေ့ကနေ စတင် ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။
၁၅ကီလို အလွတ်တန်း စိန်ခေါ်ပြိုင်ပွဲ ပထမဆုရကိုဇာနီထွန်းက "ဒီလိုပွဲတွေကို များများပြုလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်ခင်ဗျ၊ ဒါမှ မျိုးဆက်သစ်တွေ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ များများလုပ်ပေးတဲ့ အခါမှာ လူတွေကပိုပြီးစိတ်ဝင်စားလာပြီးတော့မှ ဒီအားကစားက တွင်ကျယ်လာပြီးမှ ကျနော်တို့ ပြေးခုန်ပြစ်အားကစား ပြန်လည်တိုးတက်လာမယ်"လို့ ပြောပါတယ်။
ဒီပြိုင်ပွဲကို ရန်ကုန်နဲ့မန္တလေးက အားကစားသမားတွေ၊ ဝါသနာရှင်တွေအပြင် နိုင်ငံခြားသား ဝါသနာရှင်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ထိန်ထိန်လင်း