ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက မာရိုင်ပူမြို့တော်ဝန်နဲ့ ဖုန်းပြောချိန်မှာ "ကျနော်တို့က ကိုယ့်လူကိုယ် စွန့်ပစ်မထားဘူး" လို့ ပြောလိုက်တဲ့ ရုပ်သံကို ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာကနေ မတ်လ ၁၆ ရက်က ဖြန့်ချိလိုက်ပါတယ်။
မာရိုင်ပူမြို့တော်ဝန်ဟာ အရင်အပတ်က ရုရှားစစ်သားတွေရဲ့ ဖမ်းဆီးတာ ခံရအပြီး ခုတော့ ပြန်လည်လွတ်မြောက်လာပြီလို့ ယူကရိန်းက ပြောပါတယ်။
မြို့တော်ဝန် အီဗန် ဖေဒိုရော့ဗ် လွတ်မြောက်တာ သေချာစေဖို့ ဖမ်းဆီးခံ ရုရှားစစ်သား ၉ ယောက်ကို ယူကရိန်းအစိုးရက လွှဲပေးခဲ့တယ်လို့ အကြီးတန်းအရာရှိတယောက်ကို ကိုးကားပြီး အင်တာဖက်စ် ယူကရိန်း သတင်းမှာ ဖော်ပြထားပါတယ်။
ဖေဒိုရော့ဗ် ပြန်လွတ်လာပြီလို့ ယူကရိန်းသမ္မတရုံးက အစောပိုင်းမှာ ပြောခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပေးခဲ့ပါဘူး။
ဖေဒိုရော့ဗ်ဟာ မတ်လ ၁၁ ရက်က ရုရှားစစ်သားတွေ ပြန်ပေးဆွဲတာ ခံခဲ့ရတယ်လို့ ယူကရိန်း အစိုးရက ပြောခဲ့ပါတယ်။