close

မားကို့စ်ဂျူနီယာ

close

May 11, 2022

ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ကြောင်း လက်ဝှေ့ချန်ပီယံဟောင်း မန်နီပက်ကွီယို ဝန်ခံ

ဖိလစ်ပိုင်နိုင်ငံ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တယ်လို့ လက်ဝှေ့ချန်ပီယံဟောင်း မန်နီပက်ကွီယိုက မေ ၁၀ ရက်မှာ လူသိရှင်ကြား ထွက်ပြီး ဝန်ခံပါတယ်။

တရားဝင်ရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က မကြေညာသေးပေမဲ့ ပက်ကွီယိုက သူ့အရှုံးကို ဝန်ခံထားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ခ်မှာ တင်ထားပါတယ်။

ရွေးကောက်ပွဲမှာ သူမနိုင်ပေမဲ့ သူ့အတွက် မဲဆွယ်ပေးခဲ့တဲ့ အောင်နိုင်ရေးအဖွဲ့တွေနဲ့ မဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ဖာဒီနန် မားကို့စ် ဂျူနီယာကိုလည်း ဂုဏ်ပြုတဲ့အကြောင်း ပြောထားပါတယ်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ပက်ကွီယိုဟာ စက်တင်ဘာလတုန်းက လက်ဝှေ့လောကကနေ အနားယူပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။

ဒီနှစ် ဖိလစ်ပိုင်နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး မားကို့စ် ဂျူနီယာက မဲအပြတ်သတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီလို ပြတ်ပြတ်သားသားနိုင်တာဟာ ဖိလစ်ပိုင်ရဲ့ မျက်မှောက်သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်သလို တချိန်တုန်းက လူထုအုံကြွမှုနဲ့ ဖြုတ်ချခံလိုက်ရတဲ့ အာဏာရှင် မားကို့စ်ရဲ့ သားကို မဲဆန္ဒရှင် ပြည်သူတွေက ပြန်ပြီး နန်းတင်ပေးလိုက်တဲ့ မယုံနိုင်စရာ သမိုင်းအလှည့်အပြောင်းလည်း ဖြစ်လာပါတယ်။

2 months Ago
Up