close

မိကျောင်းဆွဲခံရ

close

October 15, 2021

ဘိုကလေးမြို့တွင် မိကျောင်းဆွဲခံရသည့် အမျိုးသားတစ်ဦးကို ၃ ရက်ကြာအထိ ပြန်မတွေ့သေး

ဧရာဝတီတိုင်း ဘိုကလေးမြို့ ဆတ်ကျွန်းကျေးရွာမှာ ဂဏန်းထောင်နေစဉ် မိကျောင်းဆွဲခံရတဲ့ အမျိုးသားတစ်ဦးကို ၃ ရက်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။

ဆတ်ကျွန်းကျေးရွာအုပ်စု ပဒဲကောကျေးရွာမှာနေတဲ့ စိုင်းခန့်ဇော်ဟာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက မြစ်ကမ်းဘေးမှာ ဂဏန်းထောင်နေစဉ် မိကျောင်းဆွဲခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညနေ ၅ နာရီလောက် ကမ်းစပ်မှာ ဂဏန်းထောင်နေတုန်း မိကျောင်းဆွဲသွားတယ်။ တွေ့မလားလို့တော့ မြစ်ထဲ အစုန်အဆန် ရှာနေတာပဲ၊ ခုထိတော့ မတွေ့သေးဘူး” လို့  လိုက်လံရှာဖွေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

မိချာင်းဆွဲခံရတဲ့ စိုင်းဇော်ခန့်ကို ကျေးရွာအတွင်းနေထိုင်သူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီး လိုက်လံရှာဖွေတာ ၃ ရက်ရှိပြီလို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက ဘောဂဝတီကျေးရွာမှာ သြဂုတ် ၃၀ ရက်နေ့က အမျိုးသားတစ်ဦးနဲ့ ၂၂ ရက်နေ့က သရော်ချောင်းကျေးရွာမြစ်ကမ်းစပ်မှာ ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦးတို့  မိကျောင်းကိုက်ဆွဲခံရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

8 mins Ago

July 15, 2020

ဘိုကလေးမြို့နယ်တွင် အမျိုးသား ၁ ဦး မိကျောင်းဆွဲခံရ 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကြီးကျေးရွာအုပ်စု၊ သဲဖြူကျေးရွာမှာ ဇူလိုင် ၁၄ ရက် ညနေက အမျိုးသားတစ်ဦး မိကျောင်းဆွဲခံရပြီး ကဒုံကနိကျေးရွာ တိုက်‌နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကိုမျိုးဇော်ဟာ ညနေ ၆ နာရီလောက်က လယ်တောက‌နေ ပြန်လာ ပြီး အိမ်ရှေ့ချောင်းထဲမှာ ရေဆင်းချိုး‌နေစဉ် ဝဲဘက်ခြေသလုံးကို မိကျောင်း တ‌စ်ကောင်က စတင်ကိုက်ချီပြီး ဆွဲသွားတာလို့  ဆေးရုံမှာ တာဝန်ကျတဲ့ ဆရာ၀န် ဒေါက်တာဉာဏ်မင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။ အဲဒီလို မိ‌ကျောင်းကိုက်ချီခံရတဲ့အတွက် ကျန်ရှိနေတဲ့ ယာဘက်ခြေထောက်နဲ့ မိကျောင်းရဲ့ ဦးခေါင်းကို ကန်လိုက်တာ‌ကြောင့် ညာဘက်ခြေသလုံးကို ထပ်မံကိုက်ချီပြီး မိကျောင်းလည်း ရေထဲကို ဆင်းသွားတာပါ။ ကိုမျိုးဇော်ကို မိချောင်းကိုက်ချီခဲ့တာကြောင့် ဝဲဘက် ခြေဖနောင့်ကြော စုတ်ပြဲဒဏ်ရာနဲ့ ဖနောင့်ကြောပြတ်ထွက်သွားသပြီး ဝဲဘက်ခြေဖဝါးမှာလည်း ပေါက်ပြဲဒဏ်ရာ ၃ ခုရရှိခဲ့ကာ ယာဘက် ဒူးအောက်ပိုင်းမှာလည်း စုတ်ပြဲဒဏ်ရာတွေရရှိထားပြီး ကဒုံကနိတိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။ သတင်း - စိုးမိုးအောင် ၊ ဓာတ်ပုံ - ဒေါက်တာဉာဏ်မင်း
1 year Ago
Up