close

မိခင်နှင့် တွေ့ခွင့်ရ

close

July 27, 2022

အကျဉ်းကျခံနေရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မိခင်နှင့် တွေ့ခွင့်ရ

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဇူလိုင် ၂၇ ရက် ဒီကနေ့မှာ   မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။

ဒီနေ့မနက် ကိုဝေမိုးနိုင်ကို  မုံရွာအကျဉ်းထောင်ထဲက ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ ရုံးထုတ်တဲ့အချိန် ကိုဝေးမိုးနိုင်ရဲ့ မိခင်ဖြစ်သူက တရားခံပြသက်သေအနေနဲ့ သွားရောက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အခုလို တရားရုံးရုံးချိန်းမှာ မိခင်ဖြစ်သူက ကိုဝေမိုးနိုင်တွေ့ပြီး စကားပြောခွင့်ရတာဖြစ်ပြီး နောင်မှာ သားဖြစ်သူနဲ့ တွေ့ခွင့်မရမှာကို စိုးရိမ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက  ပြောပါတယ်။

ကိုဝေမိုးနိုင်ကို  ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက မုံရွာမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်နဲ့ လှည့်လည် ဆန္ဒပြနေစဉ် စစ်တပ်က ကားနဲ့တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အကျဉ်းထောင်မှာ တစ်နှစ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် မိသားစုနဲ့ တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

10 hours Ago
Up