close

မိတ္ထီလာကန်

close

April 17, 2022

မိတ္ထီလာကန်ထဲ ရေဆင်းချိုးသည့် ရဲတပ်သားအပါအဝင် ၂ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ပေါက်ချောင်းကွက်သစ်ရပ်ကွက် မိတ္ထီလာတောင်ဘက်ကန်အတွင်း ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ နေ့လယ်က ရေဆင်းချိုးတဲ့ ရဲတပ်သား ၁ ဦး နဲ့ အမျိုးသား ၁ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရဲတပ်သားက ရွာကို ခွင့်နဲ့ပြန်လာတာ၊ သင်္ကြန်တွင်းဆိုတော့ သူငယ်ချင်းတွေစုပြီး မြို့ပေါ်သွားကြတာ။ ကန်ထဲ ရေဆင်းချိုးကြတာ ၂ ယောက်ကတော့ ရေနစ်ပြီး သေဆုံးသွားတယ်။” 

 မိတ္ထီလာမြို့နယ် မြင်းကန်အုပ်စု အိုင့်ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုမိုးလှ(ခ)ကိုရဲကျော် နဲ့ အသက် ၂၂ အရွယ် ရဲတပ်သား ကိုဇင်မင်းထိုက် တို့ ၂ ဦး ရေနစ်ခဲ့ကြတာဖြစ်ပြီး  မိတ္ထီလာမီးသတ်တပ်ဖွဲ့နဲ့ မျိုးဆက်သစ်မြတ်ပါရမီလူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့တွေက လိုက်လံရှာဖွေကယ်ဆယ်ခဲ့ပေမယ့် သေဆုံးအလောင်းတွေသာ ရှာတွေ့ခဲ့ကြပါတယ်။

ကိုမိုးလှ(ခ)ကိုရဲကျော် နဲ့ ရဲတပ်သား ကိုဇင်မင်းထိုက်တို့ ဓမ္မတာအတိုင်း ရေနစ်သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ မိတ္ထီလာမြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

7 mins Ago

August 31, 2019

မိတ္ထီလာကန် ရေလယ်ဘုရားတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ မိတ္ထီလာကန် ရေလယ်ဘုရားရင်ပြင်မှာ သြဂုတ် ၃၀ ရက် နေ့လယ်က အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ၁ ဦး အတက်ရောဂါနဲ့ သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်စိုးမိုးကျော်က "အဝေးသင်တက္ကသိုလ်တွေက အောက်တိုဘာလထဲမှာ တက်ရတော့မယ်၊ အဲဒီအတွက် အဆောင်လာငှားတာတဲ့ စိတ်ပညာ ဒုတိယနှစ် ကျောင်းသားပါ။ ဘုရားလာဖူးရင်း ဖြစ်သွားတာပါ။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး"လို့ ပြောပါတယ်။ ပျော်ဘွယ်မြို့နယ် စန်းတောရွာနေ နိုင်ရဲဦး (၂၀-နှစ်) ဟာ မိတ္ထီလာကန် ရေလယ်ဘုရား ရင်ပြင်ရှိ အမွှေးတိုင် ဖယောင်းတိုင်များ တင်ထွန်းရန် စင်အောက်တန်းပေါ်မှာ အရှေ့မြောက်အရပ်ခ ခေါင်းပြုပြီး ပက်လက်အနေအထားနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက နိုင်ရဲဦး သေဆုံးခြင်းဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-Aung Sun(ရန်အောင်မြင် လူမှုကူညီရေးအသင်း) ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မိတၳီလာကန္ ေရလယ္ဘုရားတြင္ အေဝးသင္တကၠသိုလ္ေက်ာင္းသား ၁ ဦး ေသဆုံး မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕ နန္းေတာ္ကုန္းရပ္ကြက္ရွိ မိတၳီလာကန္ ေရလယ္ဘုရားရင္ျပင္မွာ ၾသဂုတ္ ၃၀ ရက္ ေန႔လယ္က အေဝးသင္တကၠသိုလ္ ဒုတိယႏွစ္ေက်ာင္းသား ၁ ဦး အတက္ေရာဂါနဲ႔ ေသဆုံးသြားတယ္လို႔ မိတၳီလာၿမိဳ႕မရဲစခန္းက ေျပာပါတယ္။ မိတၳီလာၿမိဳ႕မရဲစခန္း ဒုရဲအုပ္စိုးမိုးေက်ာ္က "အေဝးသင္တကၠသိုလ္ေတြက ေအာက္တိုဘာလထဲမွာ တက္ရေတာ့မယ္၊ အဲဒီအတြက္ အေဆာင္လာငွားတာတဲ့ စိတ္ပညာ ဒုတိယႏွစ္ ေက်ာင္းသားပါ။ ဘုရားလာဖူးရင္း ျဖစ္သြားတာပါ။ ျပင္ပဒဏ္ရာ မေတြ႕ရပါဘူး"လို႔ ေျပာပါတယ္။ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ စန္းေတာ႐ြာေန ႏိုင္ရဲဦး (၂၀-ႏွစ္) ဟာ မိတၳီလာကန္ ေရလယ္ဘုရား ရင္ျပင္ရွိ အေမႊးတိုင္ ဖေယာင္းတိုင္မ်ား တင္ထြန္းရန္ စင္ေအာက္တန္းေပၚမွာ အေရွ႕ေျမာက္အရပ္ခ ေခါင္းျပဳၿပီး ပက္လက္အေနအထားနဲ႔ ေသဆုံးေနတာလို႔ ဆိုပါတယ္။ မိတၳီလာၿမိဳ႕မရဲစခန္းက ႏိုင္ရဲဦး ေသဆုံးျခင္းဟာ ဓမၼတာအတိုင္း ေသဆုံးတာ ဟုတ္၊ မဟုတ္ စုံစမ္းစစ္ေဆးဖို႔ ေသမႈေသခင္း အမွတ္စဥ္ ၂၀/၂၀၁၉ နဲ႔ အမႈဖြင့္ထားပါတယ္။ သတင္း-ေမာင္ေမာင္လင္း၊ ဓာတ္ပုံ-Aung Sun(ရန္ေအာင္ျမင္ လူမႈကူညီေရးအသင္း)
3 years Ago
Up