close

မိတ္ထီလာကျောင်းသားသမဂ္ဂဥက္ကဋ္ဌ

close

January 8, 2022

မိတ္ထီလာကျောင်းသားခေါင်းဆောင်၏ ညီဖြစ်သူကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီး

မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ  ကိုပိုင်ဖုန်းမော်ကို စစ်ကောင်စီက ဖမ်းမမိတဲ့အတွက် သူ့ရဲ့ ညီဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ကျောင်းသားခေါင်းဆောင် ပိုင်ဖုန်းမော်ကို စစ်ကောင်စီက  PDF လို့ စွပ်စွဲပြီး ဇန်နဝါရီ ၆ ရက် ည ၁၀ နာရီလောက်က မြင်းခြံမြို့ရှိ သူ့ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ရာမှာ  မတွေ့ရှိလို့ ညီဖြစ်သူ မြင်းခြံတက္ကသိုလ် အင်္ဂလိပ်စာ  ပထမနှစ်ကျောင်းသား မောင်အောင်မျိုးသန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ 

လတ်တလော မောင်အောင်မျိုးသန့်ကို ဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ စွပ်စွဲ အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

ဇန်နဝါရီ ၇ ရက်ကလည်း ကိုပိုင်ဖုန်းမော် နေထိုင်ခဲ့ဖူးတဲ့  ဝမ်းတွင်းမြို့နယ်က အင်းကုန်း-အလမ္ပာယ်​ကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေက  လာရောက်ရှာဖွေသွားတယ်လို့ သိရပါတယ်။

1 min Ago
Up