close

မိတ္ထီလာမြို့နယ်

close

December 7, 2021

မိတ္ထီလာမြို့နယ် ကံကောင်းရဲကင်းစခန်း ဗုံးပစ်တိုက်ခိုက်ခံရသဖြင့် ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်၂၉၃/၃၊ ကံကောင်းရွာအနီး ကံကောင်းရဲကင်းစခန်း ဒီဇင်ဘာ ၇ ရက် မနက်အစောပိုင်း ဗုံးပစ်တိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗုံးပေါက်တဲ့အသံ အကျယ်ကြီးကြားရတယ်၊ မနက်အစော ၁ နာရီလောက်က ဖြစ်သွားတာ။ ကြောက်တော့ သွားမကြည့်ရဲဘူး။ မနက်လင်းတော့မှ ပြောသံကြားရတာ ရဲ ၂ ဦးသေတယ်၊ ၃ ဦးဒဏ်ရာရသွားတယ်တဲ့။”

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကားနဲ့တိုက်  အကြမ်းဖက်ပစ်ခတ်တာကို တုံ့ပြန်တဲ့အနေနဲ့ ခုလိုတိုက်ခိုက်တာဖြစ်ပြီး ရဲ ၃ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိတ္ထီလာခရိုင် လေးမြို့နယ်တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဗုံးခွဲတိုက်ခံရမှုနဲ့ ပတ်သက်ပြီး အမြန်လမ်းသက်ဆိုင်ရာ ရဲဌာနတွေကို ဖုန်ဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

14 mins Ago

January 6, 2021

မိတ္ထီလာမြို့နယ်တွင် စစ်ကျန် ဗုံးသီးဟောင်း ၄ လုံးတွေ့

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာ၊ စျေးကုန်းဘုန်းတော်ကြီးကျောင်းတိုက် အတွင်း  ဇန်နဝါရီ ၅ ရက်က တံခွန်တိုင်တည်ဖို့ မြေကျင်းတူးရာက စစ်ကျန်ဗုံးသီးဟောင်း ၄ လုံးတွေ့တယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းကနေ သိရပါတယ်။ မိတ္ထီအမှတ် ၂ ရဲစခန်းတာဝန်ကျရဲဝန်ထမ်း ၁ ဦးက "မြေကျင်းတူးရာက သံချေးတက်နေတဲ့ ဗုံးသီးဟောင်း ၄ လုံး တွေ့ပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို လွှဲပြောင်းအပ်လိုက်ပြီ"လို့ ပြောပါတယ်။ စျေးကုန်းဘုန်းတော်ကြီးကျောင်းတိုက် မင်္ဂလာဒီပါကျောင်းဆောင်မြောက်ဘက်မှာ ပန်းရံဆရာက တံခွန်တိုင်တည်ဖို့ မြေကျင်းတူးရာ ၂ ပေအနက်မှာ အလျား ၄ လက်မ လုံးပတ် ၈ လက်မရှိ ဒုတိယမ္ဘာစစ်လက်ကျန်  သံချေးတက်နေတဲ့ ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိခဲ့တာပါ။ အဆိုပါ ဗုံးသီးဟောင်းတွေကို နယ်မြေခံ အမှတ် (၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ထံ စနစ်တကျ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ သတင်း - မောင်မောင်လင်း
11 months Ago
Up