close

မိတ္ထီလာလမ်း

close

September 15, 2022

ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းတွင် ခရီးသည်တင်ကား ၂ စီးတိုက်မိပြီး လူ ၁၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်း ဇီးဖြူကုန်းကျေးရွာအနီးမှာ စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခွဲလောက်က ကားသုံးစီးဆင့်တိုက်ပြီး  သေဆုံးသူ ၁၂ ယောက်အထိရှိလာပြီးလို့  ဒေသခံပရိတအသင်းတွေထံက သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ အဆိုပါကား သုံးစီးထဲမှာ  ခရီးသည်တင်ကား  နှစ်စီးပါဝင်ပြီး လူပေါင်း ၆၀ ဝန်းကျင်လိုက်ပါလာခဲ့တာပါ။

လက်ပံပျား-ဇီးဖြူကုန်းရွာကြား၊ မိုင်တိုင်အမှတ် ၄၅/၁ မှာ  ကားပျက်နေလို့ လမ်းဘေးရပ်ထားတဲ့ ကုန်တင်ကားကို  ပုဂံမင်းသားခရီးသည်တင်ကားက ဝင်တိုက်မိပြီး နောက်မှာ အရှိန်နဲ့ပါလာတဲ့ သန်မြန်သူခရီးသည်တင်ကားက  ထပ်တိုက်မိတာလို့ ဒေသခံ ပရဟိတအဖွဲ့က ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားတွေကြားမှာ ညပ်မိနေသူတွေရှိပြီး  အရေးပေါ်သွေးလိုအပ်နေတဲ့ လူနာတွေနဲ့ အပြင်းအထန်ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ဆောင်ထားပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁၂ ယောက်၊ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ပြီး  အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။ 

အခုယာဉ်တိုက်မှုဟာ ကျောက်ပန်းတောင်းမြို့မှာ အပြင်းထန်ဆုံးနဲ့ လူ သေဆုံးမှုအများဆုံး မတော်တဆမှုဖြစ်တယ်လို့ ကျောက်ပန်းတောင်းဒေသခံပရဟိတအသင်းဝင်တဦးက ပြောပါတယ်။

9 mins Ago
Up