close

မိနစ်၁၀၀

close

November 19, 2022

ကမ္ဘာ့ဖလားပွဲစဉ်များတွင် မိနစ်၁၀၀ အထိ ကြာရှည်နိုင်ဟု ဒိုင်လူကြီးများခန့်မှန်း

ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေမှာ မိနစ် ၁၀ အထိ အချိန်ကြာမြင့်နိုင်ကြောင်း ဒိုင်လူကြီးတွေက ခန့် မှန်းသုံးသပ်ကြပါတယ်။

ပြိုင်ပွဲကြီးတွေမှာ အသာရနေတဲ့အသင်းက အချိန်ဆွဲပြီး အခွင့်အရေး ယူတာ တွေများလာတာကြောင့် နာကျင်အချိန်ပို ထပ်ပေါင်းပြီး မိနစ်၁၀၀ အထိကြာရှည်သွားနိုင်တာပါ။  အချိန်ဆွဲမှုတွေနဲ့ ပတ်သက်လို့ ဒိုင်လူကြီးတွေအားလုံး ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား တုန်းကလည်း အလားတူအတွေ့အကြုံတွေရှိခဲ့ပြီး နာကျင်အချိန်ပိုတွေ ပေါင်းထည့်ပြီး သတ်မှတ် ခဲ့ကြောင်း ဟော်လန်ဒိုင်လူကြီး မက်ခယ်လီကပြောပါတယ်။

ဒီအခြေအနေကြောင့် မိနစ်၉၀ အပြင် နာကျင်အချိန်ပို ၆ မိနစ်၊ ၇ မိနစ်၊ ၈ မိနစ် အထိ သတ်မှတ်ပေးတာတွေဟာ ထူးဆန်းတော့မှာမဟုတ်ကြောင်း ဆက်ပြောပါတယ်။

ပွဲချိန်အတွင်း အချိန်ဆွဲတာတွေကို တိတိကျကျ မှတ်သားပြီး နာကျင်အချိန်ပိုမှာ ပေါင်းထည့် သွားမှာဖြစ်လို့ ပွဲချိန်မိနစ် ၁၀၀ အထိရှိသွားနိုင်ကြောင်း ဒိုင်လူကြီးတွေက ကြို တင်အသိပေးထားတာဖြစ်ပါတယ်။ 

3 hours Ago
Up