close

မိသားစုဝင် ၅ ဦး

close

August 16, 2021

သားဖြစ်သူအားမတွေ့သဖြင့် ဓားစာခံအဖြစ် မိသားစုဝင် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၂ ရပ်ကွက်၊ နယ်ခြားလမ်း နေအိမ်မှာ  သားဖြစ်သူကို ရှာမတွေ့လို့ မိဘ၊ ညီမ ၂ ယောက်နဲ့ ညီဖြစ်သူကို စစ်ကောင်စီတပ်တွေက သြဂုတ် ၁၆ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်တွေ ကားတွေနဲ့ ရပ်ကွက်ထဲ ရောက်လာပြီး သေနတ် ၂ ချက်ဖောက်တယ်။ ရပ်ကွက်ထဲကလူတွေ တယောက်မှ ထွက်မကြည့်နဲ့၊ ထွက်ကြည့်တဲ့လူကို အသေပစ်သတ်မယ်လို့ အော်ပြောတယ်။ အိမ်ထဲမှာ ရှာနေတာလည်း အကြာကြီးပဲ။ နောက်ပြီး ကိုသန်းထွန်းတို့ မိသားစုကို ဖမ်းသွားတာပဲ။ ဘယ်ကိုဖမ်းသွားလည်း မသိရဘူး” လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဦးသန်းထွန်း နေအိမ်ကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့အိမ်ကို စစ်ကောင်စီတပ်တွေက မတ်လ ၁၆ ရက်နေ့က ပထမအကြိမ် ဝင်ရှာတုန်းကလည်း အိမ်ထဲကပစ္စည်းတွေကို ဖျက်ဆီးသွားပြီး ရွှေထည်တွေနဲ့ ငွေ ၉ သိန်းကျော်ပါသွားတယ်။ အဲဒီနောက်မှာကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်။ ဘာကြောင့်ရှာမှန်း မသိဘူး။ ခဏခဏ လာရှာနေတာ။” 

စစ်ကောင်စီတပ်က လာရောက်ရှာဖွေတဲ့ ဦးသန်းထွန်းရဲ့ သားဖြစ်သူဟာ တရုတ်နိုင်ငံဘက်မှာ အလုပ်သွားလုပ်နေတာလို့ မြို့ခံတဦးက ပြောပါတယ်။

“အဲဒီကောင်လေးက တရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်နေတာကြာပေါ့။ ဟိုမှာလည်း ကိုဗစ်ကြောင့် ပြန်လာလို့မရဘူး ဖြစ်နေတယ်တဲ့။  တို့မြို့က စစ်ကောင်စီကလည်း ဗုံးပေါက်တယ် အသံကြားရင် သူတို့ထင်တဲ့သူတွေရဲ့အိမ်တွေကို ရမ်းသမ်းပြီး သွားရှာဖမ်းကြတာ။ အနာနဲ့ ဆေး တခြားစီပဲ။” 

တောင်တွင်းကြီးမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ပြီး ညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်နေပြီး ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူတွေဟာလည်း ၁၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

9 mins Ago

November 17, 2019

ကယ်လီဖိုးနီးယားတွင် မိသားစုဝင် ၅ ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုမြို့မှာ ကလေး ၃ ယောက် အပါအဝင် မိသားစုဝင် ငါးယောက် နိုဝင်ဘာ ၁၆ ရက်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိမ်နီးချင်းတယောက်က ဘေးအိမ်မှာ ရန်ဖြစ်နေတယ်လို့ ဖုန်းခေါ်တိုင်ကြားခဲ့လို့ အရာရှိတွေက  သွားရောက်ရာမှာ သေနတ်သံ ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။ နေအိမ်မှာ ဘယ်သူမှ တံခါးမဖွင့်ပေးလို့ အိမ်နောက်ဘက်သွားရောက်ပြီး ပြတင်းပေါက်ကနေ ကြည့်ရှုရာမှာ ကလေးတယောက် သွေးအိုင်ထဲလဲနေတာတွေ့တာကြောင့် အိမ်တံခါးကို ဖျက်ပြီး ဝင်ခဲ့ရတယ်လို့ စန်ဒီယေဂိုရဲဌာနက အရာရှိ မတ်ဒေါ့ဘ်စ်က သတင်းထောက်တွေကို ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် အမျိုးသား၊ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၉ နှစ် ကနေ အသက် ၃ နှစ်အရွယ် ကလေးထိ စုစုပေါင်း လူငါးယောက် သေနတ်ဒဏ်ရာ ဖြစ်ပုံရတဲ့ ဒဏ်ရာတွေနဲ့ အိမ်ထဲမှာ သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ နောက်ထပ် ကလေးတယောက်ကတော့ အသည်းအသန်အခြေအနေမှာ ရှိနေပြီး ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။ ဖခင်ဖြစ်သူက သူ့ကိုယ်သူ သတ်မသေခင် တမိသားစုလုံးကို သတ်ခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေကြပါတယ်။
2 years Ago
Up