close

မိုကိုကို

close

January 13, 2023

ကင်မရွန်းဖွား တိုက်စစ်မှူး မိုကိုကို အသက်လိမ်ညာဟု စွပ်စွဲခံရ

ကင်မရွန်းနိုင်ငံဖွား ဂျာမနီတိုက်စစ်မှူး မိုကိုကိုဟာ အသက်လိမ်ညာထားဖွယ်ရှိတယ်ဆိုတဲ့ သံသယနဲ့  စွပ်စွဲခံနေရပါတယ်။ 

လက်ရှိအချိန်မှာ အသက် ၁၈ နှစ် သတ်မှတ်ခံထားရသူ မိုကိုကိုဟာ  အသက်လိမ်ညာမှုတွေ ပေါ်ပေါက်ခဲ့တဲ့ ကင်မရွန်းနိုင်ငံမှာ မွေးခဲ့သူဖြစ်ပြီး သူ့အသက် ၁၂ နှစ်အရွယ် ရောက်မှ ဂျာမနီနိုင်ငံကို ပြောင်းရွှေ့လာခဲ့သူပါ။

ပြီးခဲ့တဲ့တစ်ပတ်က ကင်မရွန်း ယူ-၁၇ အသင်းက ကစားသမား အယောက် ၃၀ ကို အသက်မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့ရာမှာ အသက်ကျော်လွန်သူ ၂၁ ဦးအထိ တွေ့ရှိခဲ့ရတာပါ။

ဒါကြောင့် ကင်မရွန်းဖွား မိုကိုကိုဟာလည်း အသက်လိမ်ညာထားဖွယ်ရှိပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း အသက် ၂၂ နှစ်ခန့်ရှိနေနိုင်ကြောင်း ဂျာမနီကလာတဲ့ အသင်းတွေက ဖော်ပြကြပါတယ်။ သြစကြီးယားသတင်းတပုဒ်မှာတော့ မိုကိုကိုရဲ့ မွေးစားဖခင်ဖြစ်သူဟာ ဖော်ထုတ်တွေ့ရှိထားတဲ့ မွေးသက္ကရာဇ်အမှန်ကို ဂျာနယ်လစ် တယောက်ဆီပေးပို့ထားတယ်လို့ သိရပါတယ်။ ဂျာမနီအက်ဖ်အေဘက်ကတော့ မိုကိုကိုအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးစရာမရှိကြောင်း ထုတ်ပြန်ထားပါတယ်။ 

3 hours Ago
Up