close

မိုက်ကယ်ရှူးမေကာ

close

April 21, 2023

AI နည်းပညာအသုံးပြု အင်တာဗျူးအတွက် ဂျာမန်မဂ္ဂဇင်းကို မိုက်ကယ်ရှူးမေကာ မိသားစု တရားစွဲမည်

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ၇ ဆုရှင် မိုက်ကယ်ရှူး‌မေကာရဲ့ မိသားစုဟာ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ပြုလုပ်ထားတဲ့ အင်တာဗျူးတခုအတွက် ဂျာမန်အပတ်စဉ်မဂ္ဂဇင်းတခုကို တရားဥပဒေအတိုင်း အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဧပြီ ၂၀ ရက်က ရိုက်တာသတင်းဌာနအနေနဲ့ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ရှူး‌မေကာ မိသားစုရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက တရားဥပဒေအရ အရေးယူမယ့် အစီရင်ခံစာတွေကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ထောက်ပြပါတယ်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ပြင်သစ်နိုင်ငံရှိ အဲလ်ပ်တောင်တန်းတွေကို မိသားစုအားလပ်ရပ်အဖြစ် သွားရောက်ခဲ့ရာ နှင်းလျှောစီးမတော်တဆမှုအတွင်း ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီးကတည်းက ဒီလို ဂန္ထဝင်ကားမောင်းပြိုင်ပွဲဝင်ဟောင်းကို လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။

အဲ့ဒီအချိန်ကတည်းက မိသားစုဝင်တွေဟာ သူနဲ့အနီးကပ်ဆုံးရှိခဲ့သူတွေကို အကန့်အသတ်နဲ့သာ တွေ့ခွင့်ပေးခဲ့သလို သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ရင်လည်း သတင်းအချက်အလက် အနည်းငယ်သာ ထုတ်ပြန်ခဲ့ပြီး ကိုယ်ရေးကိုယ်တာကိစ္စအဖြစ် အကာအကွယ်ပေးခဲ့ပါတယ်။

ဒီအက်တူအယ်လ်လာ (Die Aktuelle) မဂ္ဂဇင်းက နောက်ဆုံးထုတ်ဝေခဲ့တဲ့ မျက်နှာဖုံးစာမျက်နှာမှာ ရှူး‌မေကာရဲ့ ပြုံးနေတဲ့ ရုပ်ပုံနဲ့အတူ ခေါင်းစီးမှာလည်း “မိုက်ကယ်ရှူး‌မေကာရဲ့ ပထမဆုံးအင်တာဗျူး” ဆိုပြီး ဖော်ပြထားတာပါ။

အဲ့ဒီထဲမှာ “ပုံစံအားဖြင့် တကယ့်အစစ်လို့ ထင်ရတယ်” ဆိုတဲ့ စာသားအတိုလည်း ပါဝင်ပြီး AI နဲ့ ဖန်တီးထားတယ်လို့ ယူဆရတဲ့ မိုက်ကယ်ရှူး‌မေကာရဲ့ အထင်ကရ ပြောစကားတွေပါ ပါဝင်ကြောင်း သိရပါတယ်။

7 mins Ago
Up