close

မိုင်ကိုလန်ကို

close

March 4, 2022

ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အသင်းခေါင်းဆောင်များ ယူကရိန်းလက်ပတ် ဝတ်ဆင်ယှဉ်ပြိုင်မည်

အခုတပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ကလပ်အသင်း ခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံ အလံအရောင်နဲ့ ပြုလုပ်ထားတဲ့ လက်ပတ်တွေ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်ကျူးကျော်မှုအပေါ် ယူကရိန်းဘက်က ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အခုလို ဝတ်ဆင်ကစားမှာလို့ ဆိုပါတယ်။
အလားတူ အသင်းပရိသတ်တွေကလည်း ကစားသမားတွေ၊ အသင်းမန်နေဂျာတွေ၊ အသင်းဝန်ထမ်းတွေ၊ ပြိုင်ပွဲတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ယူကရိန်းဘက်က ထောက်ခံရပ်တည်ကြောင်း ပြသတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ Business Standard သတင်းတပုဒ်မှာ မတ်လ ၃ ရက်နေ့က ဖော်ပြပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ဘိုးဟမ်းအသင်းတို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း အဲဗာတန်အသင်းဟာ ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုကို အသင်းခေါင်းဆောင်တာဝန်ယူ ယှဉ်ပြိုင်စေခဲ့ပါတယ်။

9 mins Ago

March 2, 2022

ယူကရိန်းအရေး နှုတ်ဆိတ်နေသည့် ရုရှားလက်ရွေးစင်များကို မိုင်ကိုလန်ကို ဝေဖန်

ယူကရိန်းနိုင်ငံအပေါ် ရုရှားက စစ်ပွဲဆင်နွှဲနေချိန်မှာ နှုတ်ဆိတ်နေတဲ့ ရုရှားအသင်းခေါင်းဆောင်နဲ့ အသင်းဖော်တွေကို ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုက ဝေဖန်ပါတယ်။
ဥရောပက ဘောလုံးလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေနဲ့ ကစားသမားတွေက ယူကရိန်းနိုင်ငံဘက်က ရပ်တည်ပြီး အားပေးခဲ့ကြတာပါ။
ဒါပေမယ့် ရုရှားဘောလုံးအသင်းခေါင်းဆောင် ဒီဇူဘာနဲ့ ရုရှားကစားသမား အများစုက နှုတ်ဆိတ်နေတဲ့အပေါ် အဲဗာတန်အသင်းမှာ ကစားနေတဲ့ ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုက အင်စတာဂရမ်ကနေ အပြင်းအထန် ဝေဖန်ခဲ့တာပါ။
“ယူကရိန်းက အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတဲ့အပေါ်မှာ ရုရှားအသင်းခေါင်းဆောင်နဲ့ အသင်းဖော်တွေအားလုံးက ခုချိန်ထိ နှုတ်ဆိတ်နေကြဆဲပါပဲ။ ခင်ဗျားတို့ရဲ့ တဘဝလုံးနဲ့အတူ ပိုအရေးကြီးတဲ့ သား၊ သမီးတွေရဲ့ ဘဝတလျှောက်လုံးကို မြေအောက်အကျဉ်းထောင်ထဲမှာ သော့ခတ်ခံရလိမ့်မယ်။ အဲဒီလိုဆိုရင် ငါဝမ်းသာကျေနပ်မိမှာပဲ” လို့ မိုင်ကိုလန်ကိုက အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
ရုရှားလက်ရွေးစင် ဘောလုံးသမားတွေထဲမှာ ဒိုင်နမိုမော်စကိုမှာ ကစားနေတဲ့ တိုက်စစ်မှူး စမိုလော့ဗ်ကတော့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ ရုရှားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပြီး ကလပ်အသင်းတွေကိုလည်း ဥရောပပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။

2 days Ago
Up