close

မိုင်ဂျာယန်

close

April 7, 2023

ကေအိုင်အေနယ်မြေ မိုင်ဂျာယန် (ILAS)ကျောင်း ဘွဲ့နှင်းသဘင် အခမ်းအနား (ဓာတ်ပုံ)

ကေအိုင်အေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်၊ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်ထားတဲ့ Institute Of Liberal Arts And Sciences (ILAS) ရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကို  ဧပြီ ၅ ရက်က ကျင်းပပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စုစုပေါင်း ဘွဲ့ယူကျောင်းသား ၁၅၆ ဦးရှိပြီး English program မှ ၆၉ ဦး၊ Diploma in English Program မှ ၃၅ ဦး၊ Diploma in Liberal Arts Studies မှ ၂၉ ဦး ဘွဲ့နှင်းသဘင်တက်ရောက်ခဲ့ပြီး ကျန်သူတွေကိုတော့ အဝေးရောက်ဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Photo - ILAS

4 mins Ago

August 6, 2021

KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၃၀ ကျော်ရှိလာ

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ ကိုဗစ်ပိုးတွေ့လူနာ ၆၃၀ ကျော်ရှိလာပြီး အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ လိုင်ဇာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်ကော်မတီတာဝန်ရှိသူက ပြောပါတယ်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာ ဂျေယန့်စစ်ရှောင်စခန်းမှာ ဇူလိုင် ၂၆ ရက်နေ့က အမျိုးသမီးတစ်ယောက်ဆီကနေ ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်နေ့မှာ စစ်ရှောင်စခန်းသုံးခုအပါအဝင် နေရာ ၅ ခုကို KIO က အသွားအလာကန့်သတ်ခဲ့ပါတယ်။ 

ဩဂုတ် ၄ ရက်နေ့အထိ စာရင်းတွေအရ လိုင်ဇာမှာ ပိုးတွေ့လူနာ ၃၀ ကျော်၊ မိုင်ဂျာယန်မှာ ပိုးတွေ့လူနာ ၆၀၀ ကျော်အထိရှိလာပြီး သေဆုံးသူ အမျိုးသမီးတစ်ယောက်ရှိလာတယ်လို့ လိုင်ဇာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်ကော်မတီတာဝန်ရှိသူ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

"လိုင်ဇာမှာ ၃၀ ကျော်သွားပြီ။ မိုင်ဂျာယန်မှာ ၆၀၀ ကျော်တယ်။ စစ်ရှောင်စခန်းတွေမှာ တွေ့တာလည်းရှိတယ်။ ရပ်ကွက်တွေမှာလည်း တစ်ယောက်စ နှစ်ယောက်စရှိတယ်။ အများစုက ဘော်ဒါမှာ နေတဲ့လူငယ်တွေဖြစ်တာများတယ်။ လူငယ်တွေများတယ် လူကြီးတွေတော့ သိပ်မများဘူး"

မိုင်ဂျာယန်နဲ့လိုင်ဇာ နှစ်နေရာစလုံးမှာ လူဦးရေတစ်သောင်းကျော်စီကို ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီး ပိုးကူးစက်ခံရသူများလာတဲ့အတွက် ကာကွယ် ဆေးထိုးတာကိုရပ်ထားရပါတယ်။ 

KIO ကျန်းမာရေးဝန်ထမ်းတွေနဲ့ KIA တပ်သားတွေမှာ ရောဂါကူးစက်ခံရတာမျိုးမရှိသေးဘဲ ရောဂါအခြေအနေပြန်တည်ငြိမ်မှ ကာကွယ်ဆေးပြန်ထိုးဖို့ စီစဉ်ထားတယ်လို့ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

"သေဆုံးလူနာတစ်ယောက်ပဲရှိတယ်။ ပြင်းပြင်းထန်ထန်လက္ခဏာပြတဲ့သူတွေတော့ အခုလောလောဆယ်မရှိဘူး။ မနေ့က အမျိုးသမီးတစ်ဦးဆုံးသွားတာရှိတယ်။ တခြားနေရာမှာတော့ ဘာမှမကြားရသေးဘူး။"

ရောဂါပိုးကူးစက်ခံရသူတွေနဲ့ ဆက်စပ်လူနာတွေကို စင်တာတွေမှာ စနစ်တကျထားပြီး စားသောက်ရေးအတွက်ပါ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကစီစဉ်ပေးထားပါတယ်။

အခုတစ်ကြိမ် ကိုဗစ်က အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားကြဖို့ KIO က တိုက်တွန်းထားပါတယ်။ ရောဂါထိန်းချုပ်နိုင်ဖို့အတွက်လည်း ကိုဗစ်စည်းကမ်းတွေနဲ့အညီ ကြိုးစားဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

2 years Ago
Up