close

မိုင်တဲလ်တာဝါတိုင်

close

April 2, 2023

ရေးမြို့နယ်တွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တတိုင်ကို  YSTF ရေးပြည်သူ့ ကာကွယ်ရေးအထူးတပ်ဖွဲ့က ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီကျော်လောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဝင်ငွေမရအောင်နဲ့ စစ်အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်အောင် အခုလို ဖျက်ဆီး လိုက်တာလို့ ဆိုပါတယ်။

ဒါအပြင် စစ်တပ်ပိုင် လုပ်ငန်းတွေကို လက်လှမ်းမှီသလောက် ဖြိုချအဆုံးသတ်သွားပါ့မယ်လို့ YSTF အဖွဲ့က အသိပေးလိုက်ပါတယ်။

ရေးမြို့နယ်ထဲမှာ မိုင်တဲလ်တာဝါတိုင်တွေဟာ အနည်းဆုံး ၅ တိုင်ထက်မနည်း ဖျက်ဆီးခံထားရပြီး တနိုင်ငံလုံး မိုင်တဲလ်တာဝါတိုင်ပေါင်း  ၂၀၀၀ ကျော် ဖျက်ဆီးခံထားရတယ်လို့ ဆိုပေမဲ့ မိုင်တဲလ်ကုမ္ပဏီကတော့  လုပ်ငန်းဆက်လက်လုပ်ဆောင်နေဆဲအပြင် ကံစမ်းမဲတွေပါ ဖောက်ပေးနေပါတယ်။

ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုလုံးရဲ့ အခွန်ငွေအားလုံးနဲ့ သုံးစွဲတဲ့ ပြည်သူလူထုတွေရဲ့ အခွန်ငွေအားလုံးဟာ  အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ်အတွက် အဓိက ဝင်ငွေဒေါက်တိုင်အဖြစ် လည်ပတ်နေဆဲ  ဖြစ်ပါတယ်။

12 mins Ago

May 21, 2022

နတ်မောက်မြို့က အုပ်ချုပ်ရေးမှူးအိမ်နှင့် မြို့သစ်မြို့နယ်က မိုင်တဲလ်တာဝါတိုင် မိုင်းခွဲခံရ

မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့၊ မြို့သစ်မြို့နယ် လူးလဲရွာက မိုင်တဲလ်တာဝါတိုင်တွေကို မေလ ၂၀ ရက် မနေ့ည ၁၁ နာရီခွဲလောက်က ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုး-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်ထန်ထွဋ်က ပြောပါတယ်။

ဖောက်ခွဲမှုကြောာင့် နတ်မောက်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ရဲ့ နေအိမ် ထိခိုက်မှုရှိနိုင်သလို စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်ကတော့ အောင်ပိုင်းစက်တွေအကုန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီခန့်အုပ်ကြီးကိုတော့ စစ်ကောင်စီနဲ့ ပေါင်းပြီး ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်။ စစ်ကောင်စီရဲ့ အဓိကစီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲတာဝါတိုင်ကိုတော့ စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ အနေနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တာ”လို့ ဗိဿနိုး-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်ထန်ထွဋ်က  ပြောပါတယ်။

လက်ရှိအချိန်ဟာ မိုးတွင်းဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ  မြေပြင်မှာနေရ ထိုင်ရတာ အခက်အခဲတွေအများကြီးရှိနေတယ်လို့လည်းဆိုပါတယ်။

“ကျနော်တို့ အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်း တချို့ဖမ်းခံရပြီး တချို့ကအဝေးမှာ ရှောင်တိမ်နေရတယ်။ ထုတ်လုပ်ရေးစခန်းခွဲတွေသိမ်းခံရတာတွေရှိတယ်။ လက်နက်တွေအသိမ်းခံရတာတွေရှိ​တော့ ပြန်လည်စုစည်းလက်နက်ပြန်ရှာရပေါ့။ အလှုရှင်ကလည်း ဗိဿနိုးက ဘာမှ မလုပ်တော့ဘူးဆိုပြီး မလှူတော့တာတွေရှိတော့ ကျနော်တို့မယ် အခက်အခဲတွေအများကြီးဖြစ်ရတယ်။ အခုတော့ ရတာလေးနဲ့ ရှိတာနဲ့ဆက်လက်လုပ်ဆောင်နေပါတယ်”လို့  ဗိုလ်ထန်ထွဋ်ကပြောပါတယ်။

ဗိဿနိုးPDF အနေနဲ့ ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့ အထိတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

11 months Ago
Up