close

မိုင်းခွဲဖျက်ဆီး

close

May 1, 2023

ညောင်လေးပင် ရေကြည်ချောင်းတံတားကို ဖြတ်တောက်ရေးဗျူဟာအရ မိုင်းခွဲဖျက်ဆီး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် ကားလမ်းပေါ်က ရေကြည်ချောင်းတံတားကို ဧပြီ ၃၀ ရက် ည ၁၂ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီတံတားဟာ စစ်တောင်းမြစ်အရှေဘက်ရှိ စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာစခန်းနဲ့ အဓိကဆက်သွယ်ထားတာဖြစ်လို့ ဖြတ်တောက်ရှင်းလင်းရေးဗျူဟာအရ ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်အောင် ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် “ကျနော်တို့က ERO နဲ့ တွဲထားလို့ ပြောရေးဆိုခွင့်မရှိဘူး” လို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

2 mins Ago

March 25, 2022

ပင်းတယမြို့နယ်တွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာရှိ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို မတ် ၂၄ ရက် ည ၁၂ နာရီလောက်က ရွာငံ မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)  နဲ့ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ ၂ တို့ပူးပေါင်းပြီး  မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

အဆိုပါ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ဒေါက်တိုင်တခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် ၃ ခုကို မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ပြီလို့ TPDF တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြန်ကျဆုံးရေးအတွက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နဲ့ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ထံ ပေးပို့ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

1 year Ago
Up