close

မိုင်းဆဲတိုက်ခိုက်

close

September 2, 2022

ရေး-ထားဝယ် လမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ကော့လှိုင်ရွာနဲ့ မရမ်းချောင်းရွာကြားမှာ ရေးဘက်ကနေ ထားဝယ်ဘက်ကို ဆင်းလာတဲ့ စစ်တပ်ကား ၁၀ စီးကျော်ပါတဲ့ ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TPLF က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၃၁ ရက် မနက် ၉ နာရီခွဲလောက်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နဲ့ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရ ထိခိုက်မှု များနိုင်ပေမဲ့ အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က ထိခိုက်မှု တစုံတရာမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၁၉ ရက်ကလည်း TPLF နဲ့ KPDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ကလိန်အောင်-ထားဝယ်လမ်းပိုင်း မိုင်တိုင် ၄၀ အနီးမှာ ကံပေါက်နယ်မြေရဲစခန်းက နယ်ထိန်းစီးနင်းလာတဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နယ်ထိန်း ဒုရဲအုပ်အပါအဝင် နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

1 min Ago
Up