close

မိုင်းဆွဲတိုက်ခိုက်ခံရ

close

April 12, 2023

သပိတ်ကျင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြားကျဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၄ မိုင်ရွာနဲ့ ၆ မိုင်ရွာကြားမှာ စစ်ကောင်စီတပ်စစ်ကားနှစ်စီးကို ဧပြီ ၁၂ ရက် မနက် ၅ နာရီ ၁၀ မိနစ်မှာ တ​ကြိမ်၊ နောင်လုံသံတံတားအနီးမှာ တကြိမ်၊ စုစုပေါင်းနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ်ပကဖက ပြောပါတယ်။

"ပထမတကြိမ်က ကားနောက်ပိုင်းကိုထိတော့ သူတို့ပြန်ပစ်ပြီး ဆက်မောင်းသွားတယ်။ ဒုတိယအဆိုင်းက ဒဲ့ထိပါတယ်၊ ၁၅ ယောက်သေတယ်၊ ၅ ယောက်ကတော့ ခြေပြတ်လက်ပြတ်ပါ” လို့ တကောင်းမြို့နယ်ပကဖသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ၁၂ ဘီးကားနှစ်စီးကို နှစ်ကြိမ် မိုင်း ၆ လုံး အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့စစ်သားတွေကို တကောင်းမြို့တွင်းကနေ နာရေးကားသုံးစီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ​ဆိုပါတယ်။

မိုင်းထိမှန်ပျက်စီးသွားတဲ့ကားကို စစ်ကောင်စီတပ်စစ်သားတွေက ညောင်ကုန်းရွာထဲမှာနားပြီးနောက် ကားကိုကြိုးနဲ့ ဆွဲသယ်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တကောင်းမြို့အနီး ညောင်ကုန်းကျေးရွာမှာ မတ် ၂၈ ရက်နေ့ကလည်း စစ်သား ၆၀ ပါ စစ်ကြောင်းကို ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာခဲ့တယ်လို့ တကောင်းပကဖက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ ၄၅ မိနစ်​ကြာပြီးနောက် စစ်တပ်က ညောင်ကုန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပိုက်ဆံ၊ ဖုန်း၊ အချိုရည်ဘူးတွေ၊ ခေါက်‌ဆွဲခြောက်နဲ့ အခြားဖိုးတန်းပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

10 hours Ago

February 25, 2023

စဥ့်ကိုင်နှင့်မြင်းမူမြို့တို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုက  ရွှေလှံဖိုလ် (ကန်အောက်ရွာ) နဲ့  စိုက်ပျိုးရေးရွာအကြား (မြလိပ်တောင်ကြာကန်) မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၀ နာရီခွဲလောက် စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ပါတဲ့ စစ်ကားကို ပဒေသာမိုင်း ၆ လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။

"မိုင်းဆွဲတော့ကားကိုထိတယ်၊ ကားကအပေါ်မြှောက်သွားတာ။ ကားပေါ်ပါတဲ့ ၂၀ မှာ ၉ ယောက်သေတာကို မျက်မြင်တွေ့ရတယ်၊ ကျန်တဲ့သူတွေက အကုန်ထိခိုက်ဒဏ်ရာရတယ်၊ ကားကိုတော့ သူတို့ကရိန်းနဲ့လာဆွဲသွားတယ်" လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။

စစ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားတွေရောက်လာပြီး အနီးနားဝန်းကျင်ကို သေနတ်တွေနဲ့ ရမ်းသန်းပစ်ခဲ့ကာ အနီးနားကျေးရွာက ​ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းတပ်မ ၃၃ ကနေ မြင်းမူမြို့ကိုလာတဲ့ အာဏာသိမ်းစစ်တပ်က စစ်ကားကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း (နဂါးနီတပ်ရင်း) က သိရပါတယ်။

"သူတို့အင်အား ၃၀ ပါတယ်၊ သူတို့ကိုလည်း မိုင်းဆွဲတိုက်ခိုက်တာပဲ။ သူတို့ထဲက မြို့နယ်စခန်းမှူးသေတယ်" လို့ ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း (နဂါးနီတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

2 months Ago
Up