close

မိုင်းနင်းကျေးရွာ

close

March 22, 2022

မိုင်းဆတ်မြို့နယ် မိုင်းနင်းကျေးရွာက မီးဘေးသင့် အိမ်ခြေ ၂၀ ကျော် အကူအညီလိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ မိုင်းနင်းကျေးရွာရှိ မီးဘေးသင့် အိမ်ခြေ ၂၀ ကျော်က ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

မိုင်းနင်းကျေးရွာ မတ်လ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အိမ်ခြေ ၂၀ ကျော်မီးလောင်ဆုံးရှုံးပြီး အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ ဒေသတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မီးလောင်တဲ့နေရာက ဈေးနားမှာပါ။ ဈေးဆိုင်ခန်းတချို့လည်း မီးထဲပါသွားပြီး တချို့ကတော့ ပစ္စည်းနည်းနည်း ပြန်ရသေးတယ်။ သူများအိမ်ကနေ စလောင်တာ အိမ်ခြေ ၂၀ ကျော်ထိ မီးကူးစက်သွားတယ်။ ရွာက မြို့နဲ့အလှမ်းဝေးတော့ လျှပ်စစ်မီးလည်း မရသေးဘူး။ မနက်အစော ထမင်းထချက်ရင်း လောင်တာဖြစ်နိုင်တယ်။”

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတော့ မသိရသေးဘဲ ဒဏ်ရာရတဲ့ လူနာကိုတော့ ကျိုင်းတုံဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မီးလောင်ဆုံးရှုံးမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပြည်သူတွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

1 min Ago
Up