close

မိုင်းပေါက်ကွဲ

close

March 1, 2023

ခင်ဦးမြို့နယ်၌ မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေဟာ  မတ်လ ၁ ရက် ဒီမနက် ၁၁ နာရီကျော်လောက်က ဒေသခံ PDF ထောင်ထားတဲ့မိုင်းကို ဝင်ရောက်ဖြုတ်စဥ် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ PDF က ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့နေရာဟာ ခင်ဦးမြို့နယ် ယာတော်ကျေးရွာနဲ့ မန်ကျီးအုပ်ကျေးရွာကြားမှာ ဖြစ်တယ်လို့လည်း PDF အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

RDA တပ်ခွဲ ခင်ဦး S.S.T.F အဖွဲ့ခေါင်းဆောင်က  “ကြိုတင်ထောင်ထားတဲ့ မိုင်းတွေကို ကျနော်တို့အလစ် သူတို့ဝင်ဖြုတ်ကြတာကို ကျနော်တို့အဖွဲ့တွေကသိလို့ ပြန်ဖောက်ခွဲခဲ့ကြတယ်။ သူတို့ဘက်က အဲလိုအဆွဲခံရပြီး စခ ၅ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့ကနေ ဖေဖော်ဝါရီ ၂၇ ရက်‌ စတင်ထွက်ခွာပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ၃ ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၂၀ ကျော်ရှိပြီလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က အကျအဆုံးကိုတော့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ရေဦးမြို့ပေါ်ကို နမခစစ်တပ်ကနေ စစ်သားအင်အား ၅၀ လောက် ဂျက်လေယာဉ်နဲ့ အင်အားထပ်ဖြည့်လာတာတွေ ရှိသလို ဒဏ်ရာရရှိထားတဲ့ အရာရှိတွေကိုလည်း ဂျက်လေယာဉ်နဲ့ ‌မုံရွာစစ်ဆေးရုံကို ပြန်လည်ခေါ်ယူတာတွေ ရှိနေတယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။

12 hours Ago

January 26, 2023

ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းကျေးရွာ အနောက်ဘက်ရှိ တောင်တန်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ဖိုးခေါင်ချောင်းရွာက ကလေး ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ မောင်မာမက်နုရ် (၁၁ နှစ်) ဖြစ်ပြီး ဒဏ်ရာရှိရသူ ၃ ဦးမှာ မောင်အော်ဇီးအူလ္လာ (၁၂ နှစ်)၊ မောင်ရော်ဘီအုလ်ဟာဆောင်း (၁၂ နှစ်) နဲ့ မောင်ဂျာနီအာလာမ် (၁၄ နှစ်) တို့ဖြစ်ကြပြီး ရွာရဲ့အနောက်ဘက်ရှိ တမိုင်ခန့်အကွာက တောင်တန်းမှာ ထင်းသွားခုတ်စဉ် မိုင်းပေါက်ကွဲမှုဖြစ်တာလို့ ကျေးရွာသားတဦးက ပြောပါတယ်။

“မိုင်းပေါက်တာကတော့ နေ့လယ် ၁၂ နာရီလောက်မှာ ပေါက်တာပါ။ ပေါက်ကွဲသံကြားလို့ ရွာကလူကြီးတွေက သွားကြည့်တော့မှ ကလေးတွေလို့သိရတာ။ မောင်မာမက်နုရ်ကတော့ ခန္ဓာကိုယ်တခုလုံး ဒဏ်ရာရသွားတာကြောင့် သေသွားတယ်။ ရာဘီအူးဟာဆောင်း ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ ကျန်နှစ်ဦးကတော့ သိပ်မစိုးရိမ်ရဘူး။”

ဘယ်အဖွဲ့က မိုင်းထောင်ထားတယ်ဆိုတာ မသိရဘဲ အဲဒီတောင်တန်းပေါ်မှာ ပြီးခဲ့တဲ့ ၃ လလောက်က စစ်ကောင်စီတပ် တပ်စွဲခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မြောက်ဦးမြို့နယ်က လူငယ်တဦး မိုင်းကွဲမှုကြောင့် ခြေတဖက် ဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိတာကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှု‌ေတွ ရှိနေကြပြီး အသက်သေဆုံးမှုတွေလည်း ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၃၀ ကျော်အထိ ရှိခဲ့ပါတယ်။

1 month Ago
Up