close

မိုင်းမတော်တဆမှု

close

February 9, 2023

ကနီမြို့နယ်တွင် မိုင်းမတော်တဆမှုကြောင့် KLG ရဲဘော် ၁ ဦး ကျဆုံးပြီး ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျောက်လုံးကြီးတပ်မဟာက ရဲဘော်တွေ ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီလောက် အလယ်ကျွန်းကျေးရွာအနီးမှာ မိုင်းမတော်တဆဖြစ်ပြီး ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူဆီကနေ သိရပါတယ်။

“ပျူတွေဘက်က လှုပ်ရှားလာတယ်လို့ သတင်းရလို့ ကလေးတွေက မိုင်းသွားထောင်ရင်း မိုင်းမတော်တဆ ဖြစ်သွားတာပါ။ ကလေးတယောက်ကတော့ နေရာတင်ဆုံးတယ်။ ကျန် ၅ ယောက်ကတော့ ဆေးကုသခံနေရဆဲပါ။ ကိုယ့်ဘက်က လက်နက်မပြည့်စုံတော့ Save မဖြစ်တဲ့ လက်လုပ်တူမီး၊ လက်လုပ်မိုင်းတွေ သုံးနေရဆဲဆိုတော့ အခုလိုဖြစ်သွားရတယ်ဗျာ။ စိတ်ကိုမကောင်းဘူး။ လက်နက်မျှော်ရတာလည်း လည်ပင်းရှည်လှပြီ။ အခုသေဆုံးရတာနဲ့ဆို ကျနော်တို့ရဲဘော် ကျဆုံးတာ ၁၈ ဦးအထိ ရှိနေပြီ။ ကြာတော့ လက်နက်မပြည့်စုံတော့ အကြီးကဲတယောက်အနေနဲ့ စိတ်ဓာတ်ကျမိတာတော့ အမှန်ပဲ။ ကလေးတွေကတော့ စစ်အာဏာရှင် အမြစ်ပြတ်‌ရေးကိုပဲ စိတ်ထဲရှိကြတော့ တိုက်ပွဲတိုက်မယ်ဆိုရင်ကို ပျော်နေကြတာ” လို့ ကျောက်လုံးကြီးတပ်မဟာ နယက က ဒီဗွီဘီကို ပြောပါတယ်။

မိုင်းမတော်တဆပေါက်ကွဲပြီး သေဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၂၈ နှစ်အရွယ် ရဲဘော်ဇော်ကြီးဖြစ်ပြီး ဒီနေ့လယ်က KLG ရဲ‌ဘော်တွေ၊ မိဘ‌ဆွမျိုးတွေနဲ့အတူ ဘုန်းကြီးပင့်ကာ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကျောက်လုံးကြီးတပ်မဟာ KLG ဟာ ကနီမြို့နယ်အတွင်း တိုက်ခိုက်ရေးတမျိုးတည်း လုပ်ဆောင်နေတဲ့အဖွဲ့မဟုတ်ဘဲ စစ်ကောင်စီက ကျေးရွာတွေ မီးရှို့သွားလို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့တာတွေ ပြုလုပ်ပေးသလို CDM ပြုလုပ်ထားလို့ စားဝတ်နေရေး ခက်ခဲနေတဲ့ ဝန်ထမ်းတွေကိုလည်း ကူညီပေးနေတဲ့အဖွဲ့ဖြစ်တယ်လို့ ကနီမြို့နယ် ဒေသခံတွေက ပြောပါတယ်။

15 mins Ago

October 16, 2022

ကောလင်းတွင် မိုင်းမတော်တဆမှုကြောင့် PDF ၁ ဦး ကျဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေက စစ်ကောင်စီစစ်ကြောင်းအား မိုင်းစစ်ဆင်ရေးပြုလုပ်နေစဉ် မိုင်းမတော်တဆမှုဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကသစ်ကုန်းရွာဘက်ကနေ လာမယ့် စစ်ကြောင်းကို မိုင်းထောင်ရာမှာ မတော်တဆဖြစ်ပြီး ဆုံးသွားတာလို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DVB ကိုပြောပါတယ်။

ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က အသက် ၂၀ ကျော်အရွယ် မန္တလေးကဖြစ်ပြီး ဒဏ်ရာ ရရှိတဲ့သူက ၂၇ နှစ်အရွယ် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ က ဖြစ်တယ်လို့ ဆိုပါတယ်။

ကောလင်းတောင်ပိုင်း ကသစ်ကုန်းက‌နေ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ၁ ဖွဲ့၊ ဇီးကုန်းရွာထိပ်မှာ ၁ ဖွဲ့နဲ့ အင်ပင်သာမှာ ၁ ဖွဲ့‌တို့ အောက်တိုဘာ ၁၂ ရက်နေ့က စတင်ကာ စစ်‌‌ကြောင်းထိုးနေတာကြောင့် အင်ပင်သာရွာနဲ့ အနီးနား ကျေးရွာ‌ကပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

4 months Ago
Up