close

မိုင်းမတော်တဆ

close

March 4, 2023

အင်းတော်တွင် မိုင်းမတော်တဆဖြစ်ကာ PDF လူငယ် ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက် လမ်းဆုံမီးပွိုင့်မှာ မတ် ၂ ရက် ည ၈ နာရီက စစ်ကောင်စီလှည့်ကင်းကားကို မိုင်းဆွဲဖို့ ပြင်နေတဲ့ PDF နှစ်ယောက် ကိုယ်တိုင်မိုင်းကွဲပြီး သေဆုံးခဲ့တယ်လို့ Indaw Revolution IR က ထုတ်ပြန်ပြောပါတယ်။

အင်တော်တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူက "မိုင်းကွဲပြီး အသက် ၂၀ အရွယ် ရဲဘော် နှစ်ယောက် ကျဆုံးသွားပါတယ်။ စစ်ကောင်စီအဖွဲ့ ကင်းလှည့်တဲ့ကားကို တိုက်ခိုက်ဖို့ မိုင်းထောင်နေတုန်းမတော်တဆဖြစ်ပြီး ပေါက်ကွဲတာ" လို့ ပြောပါတယ်။

သေဆုံး လူငယ် နှစ်ယောက်ရဲ့အလောင်းကို မတ် ၃ ရက် မနက် ၇ နာရီမှာ ရဲတပ်ဖွဲ့ဝင်တွေက လာ သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်မြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက်က ဒေသခံအမျိုးသား တယောက်ကို PDF  လို့စွပ်စွဲပြီး အင်းတော်စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်းချခဲ့ပါတယ်။

10 mins Ago

February 6, 2023

မိုင်းမတော်တဆဖြစ်ပြီး မျက်ကြည်လွှာခွဲစိတ်ရမည့် မြိုင် PDF ရဲဘော် အကူအညီ လိုအပ်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မိုင်းမတော်တဆဖြစ်ပြီး မျက်ကြည်လွှာ ခွဲစိတ်ကုသရမယ့် PDF ရဲဘော်တယောက်အတွက် ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့ စကြာ ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ်အတွင်းကို ဇန်နဝါရီ ၂၉ ရက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ မိုင်းသွားဆင်တဲ့အချိန်မှာ မတော်တဆပေါက်ကွဲပြီး ရဲဘော်ဝေကြီးရဲ့ မျက်လုံး ၂ ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စကြာ-ဒေသကာကွယ်ရေးတယ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ဘယ်ဘက်မျက်လုံးတဖက်ကတော့ လုံးဝမမြင်ရတော့ဘဲ နောက်ထပ် ညာဘက်မျက်လုံးတဖက်ကတော့ မှုန်ဝါးဝါးပဲ မြင်ရတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ရဲဘော်ဝေကြီးကို အိန္ဒိယနိုင်ငံက ဆေးရုံတခုကို ပို့ဆောင်ထားရပြီး အမြင်အာရုံ ပြန်လည်ရရှိနိုင်ဖို့ မျက်ကြည်လွှာ ခွဲစိတ်ကုသရမှာဖြစ်ပြီး မြန်မာငွေ ကျပ်သိန်း ၁၀၀ ဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကလည်း လက်နက်ခဲယမ်းထုတ်လုပ်နိုင်ဖို့ ယမ်းကြိုချက်ရာကနေ မတော်တဆဖြစ်ပြီး ရဲဘော် ၂ ယောက် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူ ၂ ယောက်အနက် တယောက်က အပြင်းအထန်ဒဏ်ရာရှိပြီး တယောက်က သာမန်ဒဏ်ရာရရှိခဲ့ကာ သူတို့ ၂ ယောက်ကိုတော့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးခဲ့လို့ ဒဏ်ရာသက်သာနေပြီလို့ ဗိုလ်စကြာက ပြောပါတယ်။

စကြာ- ဒေသကာကွယ်ရေးတပ်ဖွဲ့မှာ ရန်ပုံငွေ လုံလောက်မှုမရှိတာကြောင့် မျက်ကြည်လွှာ ခွဲစိတ်ကုသရမယ့် လူနာအတွက် မိဘပြည်သူတွေအနေနဲ့ မိမိတို့ တတ်နိုင်သရွေ့ ထောက်ပံလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ အကူအညီတောင်းခံထားပါတယ်။

4 weeks Ago
Up