close

မိုင်းလုံလမ်းခွဲ စစ်ဆေးရေးဂိတ်

close

June 8, 2021

မိုးကုတ်မြို့သို့ ပြန်လာသည့် လူငယ် ၆ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ဇွန်လ ၇ ရက် ညနေ ၄ နာရီက ပြင်ဦးလွင်လမ်းကနေ ပြန်လာတဲ့ လူငယ် ၆ ယောက်နဲ့ကားသမားတို့ကို  မိုင်းလုံလမ်းခွဲ စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။

ကားသမားကိုတော့ ပြန်လွှတ်ပေးပြီး ခရီးသွားလူငယ် ၆  ယောက်ကိုတော့ အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ဖမ်း​ဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ မြို့ခံ တစ်ဦးက ပြောပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ လူငယ်တွေက မိုးကုတ်မြို့မှာနေထိုင်သူတွေဖြစ်ပြီး ဖမ်းဆီးခံရတာကို ကားသမားလွတ်လာချိန် မိသားစုဝင်တွေကို ပြန်ပြောမှသိခဲ့ရပြီး ဖမ်းဆီးခံရတဲ့အကြောင်းရင်းကို မသိဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံ လူငယ်တွေကို မိသားစုဝင်တွေက အဆက်သွယ်မရသလို ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း မသိရသေးပါဘူး။

မိုးကုတ်မြို့အဝင်နေရာတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက  နေရာ ၄ နေရာလောက်မှာ  ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို  မှတ်ပုံတင် စစ်ဆေးနေပါတယ်။

3 mins Ago
Up