close

မိုးကုတ်ခါနန်အသင်းတော်

close

July 26, 2021

မိုးကုတ်ခါနန်အသင်းတော် ဒုဥက္ကဋ္ဌအပါအဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး

မန္တ​လေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က မိုးကုတ် ခါနန်အသင်းတော်က ဒုဥက္ကဋ္ဌ အပါအဝင် ပြည်သူ ၅ ဦးအား ဒလန်နေအိမ်ကို မီးရှို့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့မနက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၅ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်နဲ့ အသင်းတော်ကုန်းရှိတဲ့ နေရာကို လာ​ဝိုင်းကြပြီး  အသင်းတော်ဒုဥက္ကဋ္ဌ၊ တာဝန်ရှိ အမျိုးသမီးတစ်ဦးနဲ့ လူငယ်သုံးဦးတို့ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ဆေးစရာရှိတယ်လို့ ဆိုပြီးခေါ်သွားတာဖြစ်ပြီး အသင်းတော်ရဲ့ ဒုဥက္ကဋ္ဌကို ဇူလိုင်လ ၂၅ ရက်နေ့ညနေမှာ ပြန်လွှတ်ပေးပြီး ဇူလိုင်လ ၂၆ ရက်နေ့​ နေ့ခင်းပိုင်းမှာ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သက်သေအထောက်အထား တစုံတရာမရှိဘဲ ဒလန်အိမ်မီးရှို့တယ်လို့ စွပ်စွဲဖမ်းသွားတာဖြစ်ပြီး ရဲစခန်းမှာ ချုပ်နှောင်ထားလို့ ဆိုပါတယ်။

2 days Ago
Up