close

မိုးကုတ် ကျောက်မျက်လုပ်ကွက်

close

August 18, 2021

မိုးကုတ် ကျောက်မျက်လုပ်ကွက်တွင် တွင်းပြိုကျမှုကြောင့် ၁ ဦးသေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ်လ ၁၈ ရက်နေ့ ညနေ လေးနာရီလောက်က ဆတ်အင်းပြန့်က ကျောက်မျက် လုပ်ကွက်တစ်ခုမှာ တွင်းပြိုကျပြီး လူတစ်ဦး​သေဆုံးခဲ့တယ်လို့ မြို့နယ် ကြက်ခြေနီအသင်းက သိရပါတယ်။

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက "ဒီရက်ပိုင်းမိုးရွာတော့ မြေတွေက ဖြည်းဖြည်းချင်းပြိုနေတာ၊ တွင်း မြေပြိုလာတော့ အောက်ကလူက ကြားညှပ်ပြီး သေဆုံးသွားတယ်" လို့ ပြောပါတယ်။

တွင်းက ပေ ၂၀ ဝန်းကျင်ရှိပြီး တွင်းသမားတွေ စုပေါင်း အလောင်းထုတ်လိုက်ကြပြီး အလောင်းကိုတော့ လူမှုကယ်ဆယ်ရေး ကားတစ်ခုနဲ့ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ သြဂုတ် ၁၂ ရက်နေ့ကလည်း မိုးဆက်တိုက်ရွာသွန်းတာကြောင့် မြေပြိုပြီး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

12 hours Ago
Up