ကချင်ပြည်နယ် မိုးကောင်းမြို့မှာ သြဂုတ် ၂၆ ညပိုင်းက မိုးကြိုးပစ်ခံရတာကြောင့် ဆိုင်တဆိုင် မီး လောင်ကာ ဆိုင်ဝန်ထမ်း အမျိုးသမီး နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းတောရပ်ကွက်မှာရှိတဲ့ ငွေချမ်းမြေ့ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးပစ်ခံရတဲ့အတွက် မီးလောင်ပြီး ဆိုင်ဝန်ထမ်းနှစ်ယောက် ဆိုင်အတွင်း ပိတ်မိသေဆုံးခဲ့တာပါ။
မီးငြိမ်းသတ်ခဲ့သူ ဒေသခံအမျိုးသားတဦးက “ည ၁၀နာရီလောက်က မိုးတွေ အရမ်းသဲပြီး မိုးကြိုး ပစ်တယ်။ ဆိုင်ရဲ့အောက်ထပ်မှာ ရှောခ့်ဖြစ်ပြီး မီးလောင်နေတော့ အပေါ်ထပ်က ဝန်ထမ်းနှစ်ဦး အပြင်ထွက်မရလို့ မီးလောင်တဲ့အထဲ ပါသွားတယ်” လို့ ပြောပါတယ်။
မီးလောင်ပြီး ဆိုင်အတွင်းသေဆုံးခဲ့တဲ့ ဝန်ထမ်းနှစ်ယောက်ဟာ အသက် ၂၀ ကျော်အရွယ် မဝေမာအောင်နဲ့ မအိအိသက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
မိုးကြိုးပစ်ခံရတဲ့အတွက် ငွေချမ်းမြေ့ဆိုင်ကယ်အရောင်းဆိုင်က ဆိုင်ကယ်နဲ့ စက်ပစ္စည်းအားလုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
PHOTO CJ
ကျူးဘားနိုင်ငံ မာတန်းဒတ်စ်ဆိပ်ကမ်းနားက လောင်စာဆီသိုလှောင်ကန်တစ်ကန် သြဂုတ် ၅ ရက် ညနေပိုင်းက မိုးကြိုးထိမှန်ပြီးနောက် တစ်ညလုံး မီးလောင်ကျွမ်းကာ သြဂုတ် ၆ ရက် မနက်မှာတော့ ပေါက်ကွဲခဲ့ပါတယ်။
ဒုတိယပေါက်ကွဲမှုမှာ လူ ၄၉ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျူးဘားအစိုးရပိုင် ရုပ်မြင်သံကြားက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက တယောက် အသက်အန္တရာယ်စိုးရိမ်ရပြီး ကျန်ခုနစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကျူးဘားသမ္မတ မီဂဲလ်ဒိယက်ဇ်ကန်နယ်ဟာ သန်းခေါင်ချိန်မှာ ဟာဗားနားမြို့ အရှေ့ဘက် မိုင် ၈၀ အကွာက အခင်းဖြစ်ရာနေရာဆီ သွားရောက်ခဲ့ပြီး မနက်ပိုင်းမှာ ကပ်ဘေးကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်နေစဉ် ပြန်ရောက်လာခဲ့ပါတယ်။
"မီးတောက်တွေနဲ့ လောင်စာဆီယိုဖိတ်မှုကို တားဆီးဖို့ ကြိုးစားနေတယ်လို့" ဒုတိယပေါက်ကွဲမှု မတိုင်မီမှာ သမ္မတက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ မီးဟာ အနားမှာရှိတဲ့ တခြား လောင်စာသိုလှောင်ကန်တွေလည်း မီးဘေးအန္တရာယ်ရှိနေပါတယ်။
ကျူးဘားနိုင်ငံမှာ နေ့စဉ် မီးပျက်မှုနဲ့ လောင်စာဆီပြတ်လပ်မှု တွေကို ကြုံတွေ့နေရပြီး လောင်စာဆီ နဲ့ သိုလှောင်မှုပမာဏ ဆုံးရှုံးမှုဟာ အခြေအနေကို ပိုမိုဆိုးရွား သွားစေနိုင်ပါတယ်။