close

မိုးထစ်ချုန်းရွာ

close

April 4, 2023

နေ့အပူချိန်တဖြည်းဖြည်းမြင့်တက်နိုင်၊ နိုင်ငံတောင်ပိုင်းစွန်းနှင့်မြောက်ပိုင်းစွန်းတို့တွင် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာနိုင်

မြန်မာတပြည်လုံးမှာ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက် လာနိုင်ကြောင်းနဲ့ နိုင်ငံတောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်းတို့မှာ ချိန်ခါမဟုတ် ပျံကျမိုးတွေ ထစ်ချုန်းရွာလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၃ ရက်မှ ၉ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာဖြစ်ပြီး အခုတပတ်အတွင်းထူးခြားချက်ကတော့ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ဟာ မြောက်ကမ္ဘာခြမ်း နွေဦးရာသီဆီ ကူးပြောင်းရောက်ရှိလာတဲ့ ရက်သတ္တပတ်ဖြစ်ပြီး အပူချိန်အပေါ်မူတည်ကာ လေဖိအားစနစ်ပြောင်းလဲလာမှုနဲ့အတူ ဆောင်းလက်ကျန် မြောက်လေအေးတချိုဟာ မြောက်-တောင် အတိုးအဆုတ်ပြု ပြီးတော့ မုတ်သုံလေဦးကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်တက်လာမှုကြောင့် လေဖိအားလျော့ကျမှု ဖြစ်ပေါ်လာပြီး အဆိုပါလေဖိအားလျော့နည်းရပ်ဝန်းက  တောင်-မြောက်တိုက်လေ အပြောင်းအလဲကို လျင်မြန်စေပြီး ရေငွေ့တွေ၀င်ရောက်လာမှုကြောင့် ချိန်ခါမဟုတ် မိုးများထစ်ချုန်းရွာစေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဧပြီ ၄ ရက်မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေ မြင့်တက်လာနိုင်ပြီး မိုးအခြေအနေမှာတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ချိန်ခါမဟုတ် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

13 mins Ago

March 1, 2020

၅ ရက်အတွင်း စစ်ကိုင်းတိုင်းနှင့် ပြည်နယ် ၃ ခုတွင် မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်နိုင်

မြန်မာနိုင်ငံအနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့်  မတ်လ ၂ ရက်ကနေ ၆ ရက်အထိ စစ်ကိုင်းတိုင်းအပါအဝင် ပြည်နယ် ၃ ခုမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး/ဇလဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။ စစ်ကိုင်း၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်တွေမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာ နိုင်တာကြောင့် အဲဒီအချိန်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့မိုးသီးကြွေတာတွေပါ ဖြစ်နိုင်လို့ ပြည်သူတွေအနေနဲ့ သတိပြု နေထိုင်ဖို့ ထုတ်ပြန်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ နွေကာလဖြစ်တဲ့အားလျော်စွာ မတ်နဲ့ဧပြီလတွေမှာ နေအပူချိန်တိုးကာ အပူပျံတက်လို့ တိမ်တွေဖြစ်ထွန်းရာကနေ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး သူတို့ ရွေ့လျားရာတလျှောက် အခုလို မိုးလေဝသဖြစ်စဉ်ဟာ မွန်းလွဲနဲ့ညနေပိုင်းတွေမှာ ဖြစ်ပေါ်နိုင်တယ် လို့ သိရပါတယ်။
3 years Ago
Up