close

မိုးပညာဒါနကျောင်းဥက္ကဋ္

close

March 14, 2022

မိုးပညာဒါနကျောင်းဥက္ကဋ္ဌကို အေအေနှင့်ဆက်သွယ်မှုဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့  မိုးပညာဒါနကျောင်းမှာ ဥက္ကဋ္ဌ   ကိုအောင်ဝင်းနိုင်ကို  ရက္ခိုင့်တပ်တော် (အေအေ) နဲ့ဆက်သွယ်တယ် ဆိုပြီး စစ်ကောင်စီတရားရုံးက မတ်လ ၁၄ ရက်မှာ    ထောင်ဒဏ် ၂ နှစ်ကျော်နဲ့  ငွေဒဏ် ကျပ် ၁ သိန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ကိုအောင်ဝင်းနိုင်ကို  အေအေနဲ့ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သလို လိုင်စင်မဲ့ယာဉ်မောင်းနှင်တယ်ဆိုပြီး  ပိုကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈) နဲ့ ထောင်ဒဏ် ၁၅ ရက်နဲ့ ငွေဒဏ်တစ်သိန်း ချမှတ်လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီလို ပြစ်ဒဏ်ချမှတ်တာနဲ့ပတ်သက်လို့ မိသားစုဝင်တွေက သံတွဲခရိုင်တရားရုံးမှာ အယူခံဝင်သွားဖို့ရှိပါတယ်။

တောင်ကုတ်မြို့ မိုးပညာဒါနကျောင်းမှာ ဥက္ကဋ္ဌ တာဝန်ယူထားပြီး လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်တဲ့ ကိုအောင်နိုင်ဝင်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၅  ရက်က တောင်ကုတ်တက္ကသိုလ်အနီးမှာ ရဲနဲ့ စစ်တပ်ကဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးတဲ့နောက် ရက္ခိုင်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းပေးခဲ့ပြီး အေအေတပ်ဖွဲ့ဝင်တချို့နဲ့ အေအေနဲ့ ဆက်နွှယ် ဖမ်းဆီးခံထားရသူတချို့ကို လွတ်ပေးခဲ့သလို အေအေဘက်ကလည်း စစ်ကောင်စီတပ်ဖွဲဝင် စစ်သုံပန်းတချို့ကို အပြန်အလှန်လွတ်ပေးခဲ့ပါတယ်။ 

2 mins Ago
Up