close

မိုးပျံပူဖောင်းပြိုင်ပွဲ

close

October 15, 2021

ပထမဆုံး ကမ္ဘာ့ဖလား မိုးပျံပူဖောင်းပြိုင်ပွဲ စပိန်တွင် ကျင်းပ

စပိန်နိုင်ငံအရှေ့မြောက်ပိုင်းက တာရာဂိုနာဆိပ်ကမ်းမြို့ရဲ့ အပန်းဖြေပန်းခြံမှာ ပထမဆုံး ကမ္ဘာ့ဖလား မိုးပျံပူဖောင်းပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်က ကျင်းပခဲ့ပါတယ်။ 

ဒီပွဲကို နာမည်ကြီးစပိန် အွန်လိုင်းရုပ်သံလွှင့်သူဖြစ်တဲ့ အားကစားပွဲ ဝေဖန်ရေးဆရာ Ibai Llanos နဲ့ FC Barcelona ကစားသမား ဂျရတ်ပီကေးတို့က စီစဉ်တာပါ။ 

Balloon World Cup ကို အမေရိကန်ပြည်ထောင်စု Oregon က ညီအစ်ကိုသုံးယောက်ဖြစ်တဲ့ Antonio, Diego, Isabel Arredondo တို့နဲ့အတူ ကြည့်ရှုကြသူ သန်းပေါင်းများစွာရှိတဲ့ သူတို့ရဲ့ TikTok နဲ့ Instagram ဗွီဒီယိုတွေကနေ ဆွဲဆောင်ခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားမိုးပျံပူဖောင်းပြိုင်ပွဲ ခေါင်းစဉ်အောက်မှာ နိုင်ငံပေါင်း ၃၂ နိုင်ငံက ဝါသနာရှင်တွေ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ 

ပါဝင်သူတွေဟာ သူတို့ရဲ့ မိုးပျံပူဖောင်းကို သူတို့ရဲ့ပြိုင်ဘက်တွေထက်အရင် မြေပြင်ကို ထိရမှာ ဖြစ်ပါတယ်။ 

ဒီပွဲရဲ့ ပထမဆုံးချန်ပီယံ ဖြစ်သွားသူကတော့ အသက် ၁၈ နှစ်အရွယ် ပီရူးလူငယ် Francesco De la Cruz ဖြစ်ပြီး သူဟာ ဂျာမနီမှ Jan Spiess ကို နောက်ဆုံးပွဲစဉ် ၅ မိနစ်မှာ ၆ မှတ် ၂ မှတ် နဲ့ အနိုင်ရသွားတာပါ။ 

တတိယဆုကိုတော့ ဘာစီလိုနာမှ အာကာသအင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေတဲ့ အသက် ၁၈ နှစ်အရွယ် စပိန်လူမျိုး Jan Franquesa က ရရှိသွားပါတယ်။ 

ပြိုင်ပွဲရဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်တဲ့ ရုရှားက ယာနာ ရူဒန်ကိုကတော့ ပထမအချီမှာပဲ ဘိုလီးဗီးယန်းတယောက်ကို ရှုံးနိမ့်သွားပါတယ်။ 

ပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်ကို အတားအဆီးအမျိုးမျိုး ထည့်သွင်းထားတဲ့ ၈ မီတာပတ်လည် ကွင်းထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

5 mins Ago
Up