close

မိုးမိတ်မြို့နယ်

close

September 21, 2021

မိုးမိတ်မြို့နယ် နမ့်မိတ်ချောင်း ကြိုးတံတား ရေထဲမျောပါသွား

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာက နမ့်မိတ်ချောင်းကြိုးတံတား စက်တင်ဘာ ၂၀ ရက်နေ့က ရေနဲ့မျောပါ ပျက်စီးသွားတာကြောင့် ကမ်းတဘက်မှာရှိတဲ့ တောင်သူတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဖြစ်နေပါတယ်။ 

"တဘက်ကမ်းက တောင်သူတွေက သယ်ယူပို့ဆောင်ရေးအတွက် ဒီတံတားကိုအဓိကထားသုံးကြတာ။ အခုက တံတားမျောပါသွားတော့ သယ်ယူပို့ဆောင်ရေး ကအခက်ခဲ ဖြစ်နေတယ် "လို့ ဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။ 

​နမ့်မိတ်ချောင်း​ကြိုးတံတားကို မြစ်ဆုံကျေးရွာနဲ့ တဘက်ကမ်းက နန်းပန်းကျေးရွာ၊ ခတ်ခိုးကျေးရွာ၊ ဖန်းခါးကျေးရွာတွေမှာရှိတဲ့ ယာခင်းစိုက်တောင်သူတွေ၊ ရွှေတောတွေက ပြည်သူတွေနဲ့ တောင်သူတွေ အဓိကထားအသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက "တံတားက ရေတိုးတော့ ရေနဲ့မျောပြီးပျက်စီးသွားတယ်။ အခုကသွားလို့မရတဲ့အခြေနေမှာရှိနေတယ်။ မိုးကတော့တိတ်သွားပြီ"လို့ ပြောပါတယ်။

အရှည် ပေ ၇၈၀ ၊ အကျယ် ၉ ပေနဲ့ အမြင့် ၁၂ ပေရှိတဲ့ နမ့်မိတ်ချောင်းကြိုးတံတားကို ၂၀၂၁ ဇန်နဝါရီလကစပြီး ပြည်နယ်အစိုးရ​ထောက်ပံ့ငွေနဲ့ ပြည်သူတွေထည့်ဝင်ငွေ ပေါင်းပြီး ပြန်လည်ပြုပြင် တည်ဆောက်ထားတာပါ။ 

10 mins Ago

November 26, 2020

မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး စတင်တွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာတစ်ဦး စတင်တွေ့ရှိခဲ့တယ်လို့ မိုးမိတ်မြို့သတင်းနှင့် ပြန်ကြားရေးဌာနက  သိရပါတယ်။ မိုးမိတ်မြို့နယ် လက်ခုပ်တန်းရပ်ကွက်နေထိုင်သူတစ်ဦးဟာ အနံ့မရတာကြောင့် မြို့နယ်ပြည်သူ့ဆေးရုံမှာ Antigen Test (RTD)နဲ့ သစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိ positive အဖြေထွက်ခဲ့တာဖြစ်ပါတယ်။ ပိုးတွေ့လူနာဟာ မြို့တွင်းကုန်တင်ကုန်ချလုပ်သားတစ်ဦးဖြစ်ပြီး သူနဲ့ထိတွေ့နိုင်သူတွေကို အမြန်ဆုံး လိုက်လံစုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သူနဲ့ထိတွေ့ထားသူ ၄ ဦးကို RTD နဲ့ စစ်ဆေးခဲ့ရာမှာ ပိုးမတွေ့ရှိပဲ ပိုးတွေ့လူနာကိုတော့ ကိုဗစ်-၁၉ လူနာသီးသန့်ထားရှိမယ့် သံဃဆေးရုံအဆောင်မှာ သီးသန့်ထားရှိကာ ဆေးကုသပေးနေပါတယ်။ ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့သူ ၄ ဦးနဲ့ အတူနေမိသားစုဝင် ၄ ဦး စုစုပေါင်း ၈ ဦးကို လက်ခုပ်တန်းရပ်ကွက် အထက ၂ ကွာရန်တင်း စင်တာမှာ အသွားအလာကန့်သတ်  ထားရှိပါတယ်။ သတင်း - ဟန်နာထက်အောင်
10 months Ago
Up