close

မိုးမိတ်မြို့

close

April 12, 2023

ဗုံးပေါက်ခဲ့သည့် မိုးမိတ်မြို့က စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်အား ပြန်ဖျက်သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ မြနန္ဒာကန်နားက ပန်းခြံမှာ စစ်ကောင်စီတပ်က လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်မှာ ဧပြီ ၁၁ ရက်နေ့ညက ဗုံးပေါက်ကွဲခဲ့ပြီးနောက် မဏ္ဍပ်ကိုပြန်ဖျက်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနှစ်က မဏ္ဍပ်က ကန်ဝင်းထဲမှာဆောက်တာ၊ ဒီနှစ်ကအပြင်ထောင့်မှာ ဆောက်ထားတာ။ EPC ရုံးနဲ့နီးတယ်၊ တမြို့လုံး အဲ့တခုပဲရှိသေးတယ်။ ဒီမနက်ထိ မဏ္ဍပ်ရှိသေးတယ်၊ နေ့လယ်ကျ မရှိတော့ဘူး၊ ဘာမှမရှိတော့ဘူး" လို့ မိုးမိတ်မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်မှာ ဧပြီ ၁၁ ရက်နေ့ညက ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီးနောက် ညပိုင်းမှာ ပြန်ပြုပြင်ခဲ့ကြပေမယ့် ဧပြီ ၁၂ ရက်နေ့မှာတော့ ပြန်ဖျက်သိမ်းသွားတယ်လို့ ပြောပါတယ်။

မိုးမိတ်မြို့ သင်္ကြန်မဏ္ဍပ်နားမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့သိရပြီး မဏ္ဍပ်ကို ဘယ်နေရာမှာ ပြောင်းရွှေ့ဆောက်မယ်ဆိုတာ မသိရသေးသလို ဘာကြောင့် ဖျက်လိုက်တယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

7 hours Ago

August 18, 2022

မိုးမိတ်မြို့က NLD အမတ်နှင့် ပါတီဝင်အချို့နေအိမ်များ စစ်ကောင်စီ ချိပ်ပိတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှစ်‌ယောက် နေအိမ်နဲ့ ပါတီဝင်တချို့ နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက သြဂုတ် ၁၇ ရက်မှာ ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “ကျနော်တို့ မိုးမိတ်က NLD ပြည်နယ်လွှတ်တော်အမတ် ဒေါ်ရီဝင်းနေအိမ် အပါအဝင် နေအိမ် ၇ လုံး ချိတ်ပိတ်ခံရတယ်။ ကိုအဂီးအိမ်‌ရော ဆိုင်ရော ချိပ်ပိတ်ခံရတဲ့အပြင် မွေးထားတဲ့ ဘဲတွေကိုပါ စစ်ကောင်စီအဖွဲ့တွေက ဖမ်းသွားတယ်” လို့ ပြောပါတယ်။

လက်ရှိ မိုးမိတ်မြို့မှာ နေအိမ်ချိပ်ပိတ်ခံရတဲ့ အိမ်တွေကတော့ NLD ပါတီရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီဝင်း၊ ဦးဂေဟာ၊ ပါတီစည်းရုံးရေးမှူး ဦးမောင်ငယ်၊ ကိုမြင့်ရွှေ (ခ) ကိုအဂီး၊ ကိုဂျိုးဇက်တို့ အပါအဝင် တခြားနေအိမ် ၇ လုံးကို စစ်ကောင်စီက အဓမ္မချိပ်ပိတ်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

မိုးမိတ်မြို့ခံတယောက်က “စစ်တပ်က သူတို့မထင်ရင် မထင်သလို ဖမ်းဆီးတယ်။ နေအိမ် ချိပ်ပိတ်တာတွေ လုပ်တယ်။ သူတို့စွပ်စွဲတာကတော့ PDF နဲ့ ဆက်သွယ်တယ်ပေါ့ဗျာ” လို့ ပြောပါတယ်။

လက်ရှိ မိုးမိတ်မြို့နယ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ တိမ်းရှောင်နေရပြီး ပါတီဝင်တချို့ကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

​ဒေသခံတယောက်က “အမတ်နှစ်ဦးနဲ့ ပါတီဝင်တချို့ကတော့ တိမ်းရှောင်နေတယ်။ ပါတီဝင်တချို့ ဖမ်းခံထားရတယ်။ မိုးမိတ်မြို့က NLD အနိုင်ရထားတာဆိုတော့ စစ်တပ်က ဖိနှိပ်တယ်။ အခု PDF တွေက မိုးမိတ်ဘက် လှုပ်ရှားလာပြီဆိုတော့ ပိုဆိုးတယ်” လို့ ပြောပါတယ်။

မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိပါတယ်။

8 months Ago
Up