close

မိုးမောက်မြို့

close

November 12, 2022

မိုးမောက်မြို့ထဲ လက်နက်ကြီးကျသဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ အိမ် ၂ လုံး မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ထဲ လက်နက်ကြီးကျလို့ ပြည်သူ တယောက် ထိမှန်ကာ အိမ် နှစ်လုံး မီးလောင်သွားတယ်လို့ ကေအိုင်အေတပ်နဲ့ နီးစပ်တဦးက ပြောပါတယ်။

မနေ့မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းကို စာသင်ကျောင်းအနီး ဗုံးခွဲခဲ့ရာမှ စစ်ကောင်စီတပ်က ပတ်ဝန်းကျင်တွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ကာ တိုက်ပွဲ စတင်ပြင်းထန်လာတာ လို့ ဆိုပါတယ်။

မြို့ပေါ်က ရပ်ကွက်ထဲ နေအိမ်တအိမ်အဝမှာ လက်နက်ကြီး ကျရောက် ပါက်ကွဲခဲ့တာကြောင့် ဗုံးခိုကျင်းထဲ ဝင်ပုန်းဖို့ ပြင်နေတဲ့ ပြည်သူ တယောက် လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးခဲ့သူ တဦးက ပြောပါတယ်။ 

"ခါနန် ရပ်ကွက် ၃ ထဲက အိမ်ဝင်းထဲ လက်နက်ကြီးကျလို့ တယောက်ထိတယ်။" 

ထိခိုက်ဒဏ်ရာရသူမှာ အသက် ၂၃ နှစ်အရွယ် ကိုဘရန်အောင် ဖြစ်ပြီး  ခြေထောက်နှစ်ဖက် ထိခိုက်ဒဏ်ရာနဲ့  ပုခုံးမှာပါ ပေါက်သွားတယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေက ကတုတ်ကျင်း‌ထဲမှာပဲ ပုန်းနေကြပြီး စစ်ကောင်စီတပ်က မြို့ဘေးနားမှာ ဝန်းကျင်မှာရှိနေကြကာ ကေအိုင်အေနဲ့PDF အဖွဲ့ နဲ့ တော်တော် နီးကပ်နေတာကြောင့် အခြေအနေ တော်တော် တင်းမာနေဆဲ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။ 

"အခြေအနေက နှစ်ဖက် တင်းမာနေတယ်။ ဒေသခံ ပြည်သူတွေ အားလုံးလည်း ထိတ်လန့် နေကြတယ်။" 

တခြားနေအိမ်တွေနဲ့ တိရစ္ဆာန် ထိခိုက်စီးတာတွေရှိပေမယ့် အတိအကျမသိရသေးပဲ နေအိမ် နှစ် လုံးတော့ စစ်ကောင်စီဘက်က မီးရှို့တာခံရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ 

ဒေသခံ တဦးက "လူတော့ ရှောင်ထား လိုက်တော့ ဘာမှ မဖြစ်ဘူး။ အိမ်က နှစ်လုံး ပါသွားတယ်။ ဆိုင်က သူများဟာ။ အကုန်လုံး လောင်သွားတာ။" 

မီးလောင်တာကြောင့် ဒေသခံတွေက မီးသတ်ရုံးကို အကြောင်းကြားရာမှာတော့ စစ်တပ်က ခွင့်မပြုလို့ လာရောက်နိုင်ခြင်းမရှိပဲ လူတွေနဲ့ပဲ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။ 

33 mins Ago

November 11, 2022

မိုးမောက်မြို့တွင် KIA၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့ပေါ်၊ ခါနန်ရပ်ကွက်ရှိ အထက်တန်းကျောင်းအနီးမှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မြို့‌ပေါ်မှာ နှစ်ဖက် အပြန်အလှန်ပစ်နေကြတာ၊ ဗုံးကွဲသံ ၃ ချက် အရင်ကြားတယ်။ အဲ့နောက် နှစ်ဖက် စပစ်ကြတော့တာပဲ။ စစ်သားတွေက စာသင်ကျောင်းအနီး လျှောက်သွားနေတာကို ပစ်လိုက်တာနေမှာ။ မြို့ထဲမှာဆိုတော့ ပြည်သူတွေ ပြေးပုန်းနေကြပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အထက်တန်းကျောင်းအနီး လှည့်ပတ်သွားလာနေတုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတာလို့ မြို့ခံအမျိုးသားတဦးက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ မြို့ခံပြည်သူ‌တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

18 hours Ago
Up