close

မိုးလေဝသသတင်း

close

May 19, 2021

မိုးလေဝသသတင်းများ NUG အစိုးရက ထုတ်ပြန်ကြေညာပေးမည်

ဒေသအလိုက် မိုးလေဝသသတင်းတွေကို NUG အစိုးရရဲ့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြည်သူတွေထံ ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

မုတ်သုံရာသီဝင်ရောက်တော့မှာဖြစ်တဲ့အတွက် ပြည်သူများ မိုးလေဝသသတင်းတွေ အချိန်မီ သိရှိဖို့ လိုအပ်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိုးလေဝသပညာရှင်တွေနဲ့ဆက်သွယ်ပြီး ဒေသအလိုက် တစ်ပတ်စာ မိုးလေဝသသတင်းတွေနဲ့ မိုးလေဝသအတွက် လိုအပ်တဲ့ အထူးသတင်းတွေကို  အချိန်မီ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

1 min Ago
Up