close

မိုးသက်လေပြင်း

close

April 24, 2023

ထိုင်းနိုင်ငံ ခရိုင် ၁၉ ခု မိုးသက်လေပြင်းဒဏ်ခံရ၊ လာမည့်ရက်အတွင်း လေပြင်းထပ်မံတိုက်ခတ်နိုင်

ထိုင်းနိုင်ငံမှာ မြန်မာနပ်စပ်တာ့ခ်ခရိုင်အပါအဝင် ခရိုင်ပေါင်း ၁၉ ခုထဲက   ဧပြီ ၂၃ ရက် မနေ့ ညနေပိုင်းက မိုးသက်လေပြင်းတွေကျရောက်ပြီး မိုးသီးတွေပါကြွေကျတာကြောင့် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းရိုင်း၊ လမ်းဖွန် ၊ လမ်းပန်း၊ ချင်းမိုင်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖစ်ချ်ဘွန်းနဲ့ အရှေ့မြောက်ပိုင်း စကွန်းနခွန်း၊ နခွန်းရာ့ချ်ဆီမား၊ လွဲ့အစ်၊  မုဒ်တာဟန်၊ ဥဘွန်းရာ့ချ်ဌာနီ၊ နခွန်းဆီထမရတ်၊ နောင်ခိုင် စတဲ့ ခရိုင်ပေါင်း ၁၉ ခုထဲက မနေ့ညနေပိုင်းမှ ဒီနေ့မနက်ပိုင်းထိ မိုးသက်လေပြင်းကျရောက်ခဲ့လို့   မြို့နယ်ပေါင်း ၄၂ မြို့နယ် ၊ ၁၀၅ အုပ်စု ၊ ရပ်ကွက်နဲ့ ကျေးရွာ ၂၂၃ ထဲက နေအိမ်ပေါင်း ၁၁၉၈ လုံးပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံ အများပြည်သူဆိုင်ရာဘေးအန္တရာယ်တားဆီးကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ 

သေဆုံးသူမှာ ထိုင်းအရှေ့မြောက်ပိုင်း နောင်ခိုင်ခရိုင် ရတ်နာဝါပီမြို့နယ်က အသက် ၅၅ နှစ်ရွယ်အမျိူသား ၁ ဦးဖြစ်ပြီး လေပြင်းဒဏ်ကြောင့် အိမ်အမိုးနဲ့ နံရံကပိကျလာလို့ သေဆုံးခဲ့ ရတာလို့ ဆိုပါတယ်။

မုဒ်တာဟန်ခရိုင် မုဒ်တာဟန်မြို့မှာဆိုရင် မဲခေါင်မြစ်ကမ်းနားဈေးက လမ်းဘေးဈေးဆိုင်အ တော်များများ အမိုးအကာတွေလန်ထွက်ကုန်သလို ကားဂိုဒေါင်ခေါင်မိုးလဲပြိုကျတာကြောင့် ရပ် ထားတဲ့ကားအစီးရေ ၁၀ ကျော်ပျက်စီးသွားခဲ့ပါတယ်။

ချင်းမိုင်ခရိုင်မှာ ဆန်ဆိုင်းမြို့နယ်အုပ်ချုပ်ရေးရုံးအနီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့ တာဝါတိုင်လဲကျတာကြောင့် ဆန်ဆိုင်းနဲ့မဲ့လိမ်းမြို့နယ် ရပ်ကွက်တချို့မှာ နာရီပေါင်းများစွာ လျှပ် စစ်မီးပြတ်တောက်ခဲ့ပါတယ်။

မွမ့်ကျဲမ်တောင်ပေါ်အပမ်းဖြေစခန်းမှာလည်း မိုးသီးတွေကြွေ တာကြောင့် ရွက်ဖျင်ဘိုတဲအတော်များများ ခေါင်မိုးတွေပေါက်ပြဲပျက်စီးကုန်ပြီး အလှမွေးငှက်တွေ သေဆုံးကြောင်း၊ အသီးသီးကာစ ထောပတ်ပင်တွေလည်း ပျက်စီးကုန်တယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာဆိုရင် မဲဆောက် ၊ ဖုပ်ဖရ ၊ အုမ့်ဖန် စတဲ့မြို့နယ် ၃ ခုထဲမှာ နေအိမ် ခေါင်မိုးလန်တာ၊ သစ်ပင်ကြီးတွေလဲပြိုလို့ လမ်းပိတ်ဆို့တာ ၊ ရွေးကောက်ပွဲဆိုင်းဘုတ်တွေ ပြိုကျ ပျက်စီးခဲ့ပြီး အပျက်အစီးစာရင်းတွေတော့ သက်ဆိုင်ရာက ကောက်ယူနေဆဲလို့ မဲဆောက် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ  ဒီကနေ့ ဧပြီ ၂၄ ကနေ  ၂၆ ရက်နေ့ထိ ခရိုင်ပေါင်း ၅၉ ခုမှာ မိုးသက် လေပြင်းဆက်ပြီးကျရောက်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက ကနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် ထိုင်းမြောက်ပိုင်း လမ်းဖွန်း၊ လမ်းပန်း၊ ဖရဲ့၊ နန့်၊ တာ့ခ်၊ ဆုခိုထိုင်း၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဖစ်ချ်ဘွန်း၊ ဗိစနုလုတ်၊ ဥထိုင်းဌာနီ စတဲ့ခရိုင်တွေမှာလည်းကောင်း၊ အရှေ့မြောက်ပိုင်းလွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နခွန်းဖနုံ၊ ချိုင်းယဖွန်း၊ ခွန်ကဲန်၊ မုတ်တာဟန်၊ ယဆိုထွဏ်း၊ အမ်းနတ်ကျလွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီနဲ့ ထိုင်းအလယ်ပိုင်း ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ လုပ်ပူရီ၊ ဆရပူရီ၊ ပရကျင်းပူရီ၊ ဆာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ ရယောင်း၊ ကျန်ထပူရီ၊ တရတ်၊ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ စမွတ်ပရကန်၊ စမွတ်စခွန်းစတဲ့ခရိုင်တွေမှာ မိုးသက်လေပြင်းကျ၊ လျှပ်စစ်လျှပ် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အဆိုပါဒေသနေ ပြည်သူတွေအနေနဲ့ ကွင်းပြင်ကျယ်တွေ၊ သစ်ပင်ကြီးတွေ၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အဦတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေအနီးနားနေခြင်းမှ ရှောင်ကြဉ်ဖို့၊ ကွင်းပြင်ကျယ်မှာ တယ်လီဖုံးနဲ့ တခြား လျှပ်စစ်ဆွဲအားရှိပစ္စည်းများအသုံးမပြုရန် မိုးဇလက သတိပေးထားပါတယ်။ 

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိ ခရိုင်တွေကတော့ မယ်ဟောင်ဆောင်၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖရဲ့၊ နန့် ၊ ဆုခိုထိုင်း၊ ဥဒရာဒစ်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖစ်ချ်ဘွန်း၊ နခွန်းရာ့ချ်ဆီမား၊ ကန်ကျနပူရီ၊ လုပ်ပူရီတို့ဖြစ်ပြီး နေပူထဲထွက်ခြင်းမှရှောင်ကြဉ်ဖို့၊ Heat Stroke အပူရှပ်ခြင်းသတိပြုဖို့ ထုတ်ပြန်ထားပါတယ်။

မယ်ဟောင်ဆောင်၊ ချင်းရိုင်း၊ လမ်းပန်း၊ နန့်၊ ဥဒရာဒစ်၊ နခွန်းဆဝမ်၊ ချိုင်းယနတ် ၊ ဥထိုင်းဌာနီ၊ ဆင်းပူရီ၊ ဆုဖန်းပူရီတွေမှာ PM 2.5 မီးခိုးမြူမှုန်တွေ ရှိနေဦးမယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။ 

14 mins Ago

April 5, 2023

ထိုင်းနိုင်ငံတွင် အပူချိန်မြင့်တက်၊ မိုးသက်လေပြင်းတိုက်ခတ်နိုင်ဟု သတိပေး

ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ ဧပြီ ၆ ရက်မှ ၉ ရက်အတွင်း မိုးသက်လေပြင်းကျ၊ မိုးသီးကြွေနိုင်တယ်လို့  ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက  ထုတ်ပြန်ထားပါတယ်။ 

ထိုင်းမိုးဇလဌာနရဲ့ ဒီမနက် ၅ နာရီထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက လေဖိအားနည်းရပ်ဝန်းနဲ့ အအေးဓာတ်တွေဟာ တောင်တရုတ်ပင်လယ်နဲ့ ထိုင်းအရှေ့မြောက်ပိုင်းဘက်ကို ရွေ့လျားနေကြောင်း၊ အဆိုပါအအေးငွေ့တွေဟာ ထိုင်းနိုင်ငံက ပူပြင်းတဲ့ရာသီဥတုနဲ့ ထိ တွေ့တဲ့အခါမှာ အားအသင့်အတင့် မုန်တိုင်းဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မိုးသည်းထန်၊ လေပြင်းတိုက်၊ မိုးသည်းကြွေကျခြင်းတွေ ဖြစ်လာတတ်တဲ့အတွက် ပြည်သူတွေအနေနဲ့  ဟင်းလင်းပြင်၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အဦနဲ့ ဆိုင်းဘုတ်ကြီးတွေ၊ သစ်ပင်ကြီးတွေကို ရှောင်ရှားဖို့၊ တောင်သူစိုက်ပျိုးရေး သမားတွေအနေနဲ့လည်း ကောက်ပဲသီးနှံတွေ ပျက်စီးတာ၊ ပိုးကျတာတွေ ကြိုတင်ကာကွယ်ဖို့ ထုတ်ပြန်ထားပါတယ်။ 

ထိုင်းနိုင်ငံအထက်ပိုင်းလို့ဆိုပေမဲ့ ထိုင်းအရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဘန်ကောက် အနီးတဝိုက်အပါအဝင် ထိုင်းအရှေ့ပိုင်းဒေသတွေလာည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မိုးသက်လေပြင်းကျနိုင်တဲ့ ခရိုင်တွေက ဧပြီ ၆ ရက်တွင်း ထိုင်းအရှေ့မြောက်ပိုင်း မုဒ်တာဟန်၊ အမ်းနတ်ကျရွန်း၊ ဘူရီရမ်၊ ဆူရင်း၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီ၊  ထိုင်းအရှေ့ပိုင်း ဆလာကယောက်နဲ့ ပရာကျင်းဘူရီခရိုင် တို့ပါဝင်ပါတယ်။

ဧပြီ ၇ ရက်မှာ ထိုင်းမြောက်ပိုင်း နန့်၊ ဥဒရဒစ်၊ ဗိစနုလုတ်နဲ့ ဖစ်ချ်ဘွန်း၊ ထိုင်းအရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ ကားလားဆင်၊ မုဒ်တာဟန်၊ လွဲ့အစ်၊ ယဆိုထွဏ်း၊ အမ်းနတ်ကျရွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆူရင်း၊ ဆီစကစ်နဲ့ ဥဘွန်းရာ့ချ်ဌာနီ၊ အလယ်ပိုင်းလုပ်ဘူရီ၊ ဆရဘူရီ၊ အယုဒ္ဓယ၊ ဘန်ကောက်နဲ့အနီးတဝိုက်၊ အရှေ့ပိုင်း နခွန်းနာယုတ်၊ ပရာကျင်းပူရီ၊ ဆလကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ နဲ့ တရတ် တို့ပါဝင်ပါတယ်။

ဧပြီ ၈ ရက်မှာ မြောက်ပိုင်း ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်၊ ဖယောင်း၊ နန့်၊ ဖရဲ့၊ ဆုခိုထိုင်း၊ ဥဒရာဒစ်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဗိစနုလုတ်နဲ့ ဖစ်ချ်ဘွန်း။ အရှေ့မြောက်ပိုင်း လွေး၊ ချိုင်းယဖုမ်း၊ ခွန်ကဲင်၊ ကားလားဆင်၊ မဟာဆရခမ်း၊  လွဲ့အစ်၊ ယဆိုထွဏ်း၊ အမ်းနတ်ကျရွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆူရင်း၊ ဆီစကစ်နဲ့ ဥဘွန်းရာ့ချ်ဌာနီ၊ အလယ်ပိုင်းမှာ နခွန်းဆဝမ်၊ ဆိင်းပူရီ၊ လုပ်ဘူရီ၊ ဆရဘူရီ၊ ဆုဖန်းပူးရီး၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ အယုဒ္ဓယ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခမ်း၊  ဘန်ကောက်နဲ့အနီးတဝိုက်၊ အရှေ့ပိုင်း နခွန်းနာယုတ်၊ ပရာကျင်းပူရီ၊ ဆလကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ လယောင်း နဲ့ တရတ် ဒေသတွေပါဝင်ပါတယ်။

ဧပြီ ၉ ရက်နေ့မှာ  မြောက်ပိုင်း ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ ဆုခိုထိုင်း၊ ဥဒရာဒစ်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဗိစနုလုတ်နဲ့ ဖစ်ချ်ဘွန်း။ အရှေ့မြောက်ပိုင်း လွေး၊ ချိုင်းယဖုမ်း၊ ခွန်ကဲင်၊ နခွန်းရာ့ချ်ဆီမား။ အလယ်ပိုင်း နခွန်းဆဝမ်၊ ဆိင်းပူရီ၊ အန်ထောင်း၊ လုပ်ဘူရီ၊ ဆရဘူရီ၊ ဆုဖန်းပူးရီး၊ ရာ့ချ်ပူရီ၊ အယုဒ္ဓယ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခမ်း၊  ဘန်ကောက်နဲ့အနီးတဝိုက်၊ အရှေ့ပိုင်း ချွန်းပူးရီး၊ လယောင်းနဲ့ တရတ် စတဲ့ဒေသတွေမှာ မိုးသက်လေပြင်းကျနိုင်ပါတယ်။ 

ထိုင်းနိုင်ငံမှာ အပူလှိုင်းကြောင့် အပူချိန်တွေလည်း အလွန်အမင်း မြင့်တက်နေပြီး ဒီကနေ့  ဧပြီ ၅ ရက်နေ့မှာ မြို့တော်ဘန်ကောက်မှာ  နေ့အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်ရှိနေပြီး ၄၈ ဒီဂရီ အထင့်မြင့်တက်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ 

ကိုးကား - chiangmainews

3 weeks Ago
Up