ဘရာဇီးနိုင်ငံ ရီယို ဒီ ဂျီးနေးရိုး ပြည်နယ်ရှိ တောင်တွေထူထပ်တဲ့ ပက်ထရိုပိုလစ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၃၄ ဦး သေဆုံးခဲ့ပါတယ်။
မြို့တွင်းလမ်းတွေ ရေလွှမ်းပြီး မြေပြိုမှုကြောင့် သေဆုံးမှုတွေ ဖြစ်ခဲ့တာပါ။ ဈေးဆိုင်တွေထဲ ရေဝင်ပြီး အကုန်လုံး ဆုံးရှုံးခဲ့တယ်လို့ ဆိုင်ရှိင်တွေက ပြောပါတယ်။
ရုရှားသမ္မတပူတင်နဲ့ စီးပွားရေးဆွေးနွေးဖို့ မော်စကိုကို ရောက်ရှိနေတဲ့ သမ္မတဘိုဆိုနာရို က ရေဘေးကြောင့် ဒုက္ခရောက်နေသူတွေကို အမြန်ဆုံး သွားရောက်ကူညီဖို့ သူ့ဝန်ကြီးတွေကို တွစ်တာပေါ်ကနေ စာရေးပြီး အမိန့်ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဘရာဇီးမြောက်ဘက်နဲ့ ဆော်ပေါ်လိုပြည်နယ်တို့မှာ ရေကြီး မြေပြိုမှုတို့ကြောင့် အများအပြား သေဆုံးခဲ့တာပါ။ တဆက်တည်း သီးနှံပျက်စီးမှုတွေ အများအပြား ဖြစ်ခဲ့ပြီး သတ္တုတွင်းလုပ်ငန်းတွေလည်း ရပ်ဆိုင်းခဲ့ရပါတယ်။