close

မိုးသည်းထန်ရွာသွန်းမှု

close

May 19, 2021

မိုးကုတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုရင်တစ်ပါး ရေထဲမျောပါသေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မေလ ၁၉ ရက်မနက်အစောပိုင်းက မိုးသည်းထန် ရွာသွန်းမှုကြောင့် ဗမွန်ကျေးရွာ ကမ္မဋ္ဌာန်းကျောင်းမှ ကိုရင်တစ်ပါး ရေထဲမျောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

မိုးသည်းထန် ရွာသွန်းမှုကြောင့် ချောင်းထဲရေစီးသန်ပြီး ၄ လက်မနီးပါး ရေတက်ခဲ့တာကြောင့် ကိုရင်ဟာ ရေစီးထဲ မျောပါသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

နေအိမ်တွေထဲလည်း ရေဝင်ခဲ့ပြီး ကိုရင်ရဲ့ ရုပ်အလောင်းကို နာမှုကူညီရေးအသင်းက ဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။

5 mins Ago
Up