အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာလို့ ကိုဆမ်းနက်စ်မြစ်ရဲ့ အစိတ်အပိုင်းတွေ ကမ်းပါးပြိုကျခဲ့ပါတယ်။
ဆပ်ခရာမန်တို မြို့နယ်က ဝီလ်တန်မြို့နားမှာ မြစ်ကမ်းပါး တာပေါင်ရိုး ၂ နေရာ ထက်မနည်း ပြိုကျခဲ့လို့ ဇန်န၀ါရီ ၂ ရက် အထိ ရုတ်တရက် ရေလွှမ်းမိုးမှု သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ဝီလ်တန်မြို့ အနောက်တောင်ဘက်က လူနေရပ်ကွက်တွေဆီ ရေစီးဝင်လာချိန်မှာ လယ်မြေအများအပြားဆီ ရေစီးသန်သန်နဲ့ ရေလွှမ်း ကုန်ပါတယ်။
စနေနေ့မှာ ပထမတာပေါင်ရိုးကျိုးပြီးတဲ့နောက် ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဟာ ဒေသတွင်း မိုးကြီးစေနိုင်တဲ့ “လေထုမြစ်” လို့ခေါ်တဲ့ အားကောင်းတဲ့ ရာသီဥတုစနစ်ရဲ့ ဒဏ်ကို ခံနေရတာပါ။
ဒီဒေသမှာ ခုသီတင်းပတ်အတွင်း မုန်တိုင်းတွေ ထပ်ဝင်လာဦးမယ်လို့ အမျိုးသား မိုးလေဝသဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။