close

မီတာမဆောင်

close

June 8, 2022

မီတာခမဆောင်သူများကို မီတာဖြုတ်သိမ်း အမှုဖွင့်အရေးယူမည်ဟု ပျဉ်းမနား EPC ခြိမ်းခြောက်

မီတာခပေးသွင်းဖို့ ကျန်နေတဲ့ ပြည်သူတွေအနေနဲ့ မီတာဖြုတ်သိမ်းခံရမယ့်အပြင် အမှုဖွင့် အရေးယူခံရမယ်လို့ နေပြည်တော် ပျဉ်းမနား EPC ရုံးက ဇွန် ၈ ရက်မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။

ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေနဲ့ ဓာတ်အားခ အပြည့်အဝရရှိရေး ညွှန်ကြားချက်အရ ကာလရှည်ဓာတ်အားခပေးဆောင်ခြင်းမရှိသူတွေ လာရောက်ပေးဆောင်ကြဖို့နဲ့ လာရောက်ပေးဆောင်ခြင်းမရှိပါက မီတာဖြုတ်သိမ်းသွားမှာဖြစ်ပြီး ဖြုတ်သိမ်းပြီး ၇  ရက်အတွင်း ထပ်မံလာရောက်မပေးဆောင်ပါက သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်အရေးယူမယ်လို့  ပျဉ်းမနားလျှပ်စစ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို လျှပ်စစ်ရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပျဉ်းမနားမြို့ခံတစ်ဦးက “သူတို့က ဓာတ်အားခကျ အပြည့်အဝလိုချင်တယ်။ မီးကျတော့ ပုံမှန်မပေးဘူး။ ပြီးတော့ မီတာလည်း ပုံမှန် လာမဖတ်ဘူး။ မီတာဆောင်ဖို့အရေး ရုံးကိုတခေါက်သွားသွားပြီး ဘယ်လောက်ကျလဲ မေးမေးနေရတယ်” လို့ ပြောပါတယ်။

လူဦးရေ တစ်သိန်းကျော်ရှိတဲ့ ပျဉ်းမနားမြို့အပါအဝင် နေပြည်တော်အတွင်းက မြို့နယ်တွေမှာတော့ မီတာခမဆောင်လို့ မီတာဖြုတ်သိမ်းခံရတာတွေရှိပြီးနောက်  ပုံမှန်နီးပါး မီတာဆောင်ကြတယ်လို့ သိရပါတယ်။

5 mins Ago

March 25, 2022

အောင်မင်္ဂလာ အဝေးပြေးတွင် မီတာမဆောင်သည့် ဂိတ်နှင့် ဆိုင်ခန်းများ မီးဖြတ်ခံရ

ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာ မီတာခမပေးဆောင်တဲ့ ကားဂိတ်နဲ့ ဆိုင်ခန်းတွေကို မီးလိုက်ဖြတ်နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ လျှပ်စစ်ရုံးဝန်ထမ်းတွေက လက်နက်ကိုင်ရဲတွေနဲ့အတူ မီတာမဆောင်တဲ့ အခန်းတွေကို လိုက်လံစစ်ဆေးပြီး မီဖြတ်နေတာလို့ ဆိုပါတယ်။

အခန်းပိုင်ရှင်တဦးက “မီတာဆောင်ထားလား မေးတယ်။ မဆောင်ရင် မီးဖြတ်မယ်ဆိုပြီး အားချင်းဖြတ်သွားတယ်။ တော်တော်များများ အဖြတ်ခံရတယ်” လို့ ပြောပါတယ်။

အဲဒီဂိတ်အခန်းအများစုဟာ စစ်အာဏာသိမ်းကတည်းက မီတာခပေးဆောင်ထားခြင်း မရှိကြဘဲ အခုမှ ပေါင်းပေးဆောင်ရမယ်ဆိုရင် ကျပ်သိန်းဆယ်နဲ့ချီ ကျသင့်မယ့်အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိ စက်သုံးဆီဈေး ကြီးမြင့်လို့ အရှုံးပေါ်ပြေးဆွဲနေကြရတဲ့အချိန်မှာ မီတာခ အတင်းအကျပ် တောင်းခံတာကြောင့် ယာဉ်လိုင်းတွေ အခက်တွေ့နေကြတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တဦးက ဆိုပါတယ်။

အခုလို မီးလိုက်မဖြတ်ခင်ကလည်း လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိတယ်လို့လည်း သိရပါတယ်။

2 months Ago
Up