close

မီတာရေ

close

August 29, 2021

မန္တလေးမြို့ပေါ်တွင် မီတာရေမလာသဖြင့် ဒေသခံများ ရေအခက်အခဲကြုံ

မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ  မီတာရေမလာလို့ ဒေသခံတွေ ရေအခက်အခဲဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေရဲ့  ပြောပြချက်အရ သိရပါတယ်။

ဩဂုတ်၂၇ ရက်  ည ၁၁ နာရီက ကမ်းနားလမ်းရေပေးရေး 33kv ဓာတ်အားလိုင်းမှာ (line fault) ဖြစ်ပြီး ဓာတ်အားပြတ်တောက်ခဲ့ရာ ရေပေးဝေနေတဲ့ ရေတွန်းစက်တွေ ခေတ္တရပ်ဆိုင်းခဲ့ရတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် ချမ်းအေးသာစံ၊ အောင်မြေသာစံနဲ့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်အများစုမှာ သြဂုတ် ၂၇ ရက် ညပိုင်းမှ သြဂုတ် ၂၉ရက် ညနေပိုင်းထိ ရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့တာပါ။ 

မြို့ခံတစ်ဦးက “ရေတွန်းစက်ရုံက မီးမလာတော့ ရေမပေးဘူး ပြောတာပဲ၊ ရပ်ကွက်အတော်တော်များများ ရေမလာတော့ အခက်တွေ့နေကြတယ်၊ ရေပြတ်တာတွေ ဖြစ်နေတယ်၊ အများစုက ရေလှောင်ကန်မရှိသူတွေဆိုတော့ ဒုက္ခတော်တော်ရောက်နေကြတယ်” လို့ ပြောပါတယ် 

မန္တလေးမြို့ပေါ် ရပ်ကွက်အများစုဟာ မီတာရေကို အဓိက မှီခိုနေတာကြောင့် ရေလှောင်ကန်မရှိသူ များပြားတဲ့အတွက် ရေအခက်အခဲဖြစ်ပေါ်နေတာပါ။  

သောက်သုံးရေနဲ့ သုံးရေအခက်အခဲရှိသူတွေအနေနဲ့ အကူအညီ တောင်းခံနိုင်တယ်လို့ မန္တလေးမြို့ပေါ် အရန်မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတချို့က ထုတ်ပြန်ထားပါတယ်။ 

သြဂုတ် ၂၉ရက် ညနေပိုင်းမှာ မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ ရေပြန်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။  

1 min Ago
Up