close

မီယူယာ

close

February 2, 2023

အသက် ၅၆ နှစ်ရှိ ဂျပန်တိုက်စစ်မှူး မီယူယာ ပေါ်တူဂီဒုတိယတန်းကလပ်ဆီ ပြောင်းရွှေ့

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်တိုက်စစ်မှူး မီယူယာဟာ ပေါ်တူဂီဒုတိယတန်းကလပ် အိုလေဗီရန်စီ အသင်းဆီ ပြောင်းရွှေ့ကစားမှာဖြစ်ပါတယ်။

ဂျေလိဂ်ကလပ် ယိုကိုဟားမားအသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ကမ္ဘာ့အသက်အကြီးဆုံးဘောလုံးသမားအဖြစ် စံချိန်တင်ထားတဲ့ ကာဇူယိုရှီ မီယူယာဟာ မနှစ်က ဂျပန်စတုတ္ထတန်းကလပ် ဆူဇူကာပွိုင့်ဂတ်တာစ် အသင်းမှာ အငှားထွက်ကစားခဲ့ပြီး စုစုပေါင်း ၁၈ ပွဲမှာ ၂ ဂိုးသွင်းခဲ့ပါတယ်။

တခါမှမကစားဖူးသေးတဲ့ လိဂ်ပြိုင်ပွဲအသစ်ဖြစ်ပေမယ့်  အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်အောင် ကြိုးပမ်းသွားမယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာ မီယူယာကပြောပါတယ်။

သူဟာ ၁၉၈၆ ခုနှစ်ကတည်းက ဘရာဇီးကလပ်ဆန်းတို့စ်အသင်းမှာ ကစားသမားဘ၀ စတင်ခဲ့ပြီး အီတလီ၊ ခရိုအေးရှားနဲ့ သြစတြေးလျနိုင်ငံတွေကလိဂ်ပြိုင်ပွဲတွေမှာလည်း သွားရောက်ကစားခဲ့ ပါသေးတယ်။

ဂျပန်လက်ရွေးစင်ဟောင်းဖြစ်ပြီး စုစုပေါင်း ၈၉ ပွဲမှာ ၅၅ ဂိုးသွင်းခဲ့ပါတယ်။ အသက် ၆၀ အထိ ဘောလုံးဆက်ကစားဖို့ ရည်မှန်းထားကြောင်း မီယူယာက ပြောထားပါတယ်။

10 mins Ago
Up