close

မီရှဲလ်ယို

close

March 13, 2023

မင်းသမီးကြီး မီရှဲလ်ယို ပထမဆုံး အာရှအမျိုးသမီး အော်စကာဇာတ်ဆောင်ဆုရှင်အဖြစ် မှတ်တမ်းဝင်

ဟောလိဝုဒ် နာမည်ကြီးသရုပ်ဆောင်မင်းသမီးကြီး မီရှဲလ်ယိုဟာ သိပ္ပံစွန့်စားမှု အက်ရှင်ရုပ်ရှင်ကား “Everything Everywhere All at Once” နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အော်စကာဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး ဟောလိဝုဒ်သမိုင်းမှာ ဒီဆုအမျိုးအစားကို အာရှအမျိုးသမီး သရုပ်ဆောင်တယောက်အနေနဲ့ ပထမဆုံး ဆွတ်ခူးရရှိသူဖြစ်  မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သရုပ်ဆောင်မင်းသမီး မီရှဲလ်ယိုဟာ သိပ်မကြာသေးခင်က ဒီကားနဲ့ပဲ ရွှေကမ္ဘာလုံးဆု Musical or Comedy အမျိုးအစားမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားခဲ့တာဖြစ်ပြီး ခုတခါမှာ ၉၅ ကြိမ်မြောက် အော်စကာအကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီကားနဲ့ပဲ ဆုထပ်မံရရှိသွားခဲ့တာပါ။

Everything Everywhere All at Once ရုပ်ရှင်ဟာ ဆုပေါင်း ၁၁ ဆုနဲ့ အများဆုံး ဆန်ခါတင်စာရင်းဝင်နေခဲ့တာဖြစ်ပြီး အကောင်းဆုံး ဒါရိုက်တာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးရရှိခဲ့ပါတယ်။

အကောင်းဆုံး ဒါရိုက်တာ အော်စကာဆုကိုတော့ Everything Everywhere All at Once ရုပ်ရှင်က နာမည်ကျော် Avatar: The Way of Water ၊ Elvis ၊ The Fabelmans ၊ Tár ၊ Top Gun: Maverick စတဲ့ ရုပ်ရှင်တွေကို ကျော်လွန်ပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အော်စကာဆုနဲ့ ရုပ်ရှင်ကား ဖန်တီးရှင်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Daniel Kwan, Daniel Scheinert တို့က ဒါရိုက်တာဆုတွေကိုပါ ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုကိုတော့ The Whale ရုပ်ရှင်ကားနဲ့ သရုပ်ဆောင်မင်းသား Brendan Fraser က ရရှိသွားခဲ့ပြီး အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုနဲ့ အမျိုးသမီးဇာတ်ပို့ဆုတွေကိုတော့ Everything Everywhere All at Once ရုပ်ရှင်ကားထဲက သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jamie Lee Curtis နဲ့ Ke Huy Quan တို့ကပဲ ထူးထူးခြားခြား ထပ်မံရရှိသွားခဲ့တာပါ။

ဒါ့အပြင် အန်နီမေးရှင်းဇာတ်ကားဆု၊ ဖြစ်ရပ်မှန်ဇာတ်ကားဆု၊ အဝတ်အစားဒီဇိုင်း၊ ရုပ်ရှင် တည်းဖြတ်ဆု၊ နိုင်ငံခြားဘာသာဇာတ်ကားဆု၊ မိတ်ကပ်နဲ့ ဆံပင်စတိုင်ဆု၊ ဂီတဆု၊ ထုတ်လုပ်မှု ဒီဇိုင်းဆု၊ ဇာတ်လမ်းတိုဆု၊ အသံတည်းဖြတ်ဆု၊ ဇာတ်ညွန်းဆု စတဲ့ ဆုရရှိသွားတဲ့ စာရင်းအပြည့်အစုံကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Here is the full list of Oscar winners:

Best Picture

“Everything Everywhere All at Once” — Daniel Kwan, Daniel Scheinert and Jonathan Wang, producers

 Best Lead Actress

 Michelle Yeoh (“Everything Everywhere All at Once”)

 Best Director

 Daniel Kwan, Daniel Scheinert (“Everything Everywhere All at Once”)

-Best Film Editing

 “Everything Everywhere All at Once” — Paul Rogers

 -Best Original Song

 “Naatu Naatu” from “RRR” — music by M.M. Keeravaani, lyric by Chandrabose 

 -Best Sound

“Top Gun: Maverick” — Mark Weingarten, James H. Mather, Al Nelson, Chris Burdon and Mark Taylor

 -Best Adapted Screenplay

 “Women Talking” — Sarah Polley

-Best Original Screenplay

 “Everything Everywhere All at Once” — Daniel Kwan and Daniel Scheinert

-Best Visual Effects

-Best Original Score

 “All Quiet on the Western Front” — Volker Bertelmann

- Best Production Design

 “All Quiet on the Western Front” — production design by Christian M. Goldbeck, set decoration by Ernestine Hipper

-Best Animated Short Film

“The Boy, the Mole, the Fox and the Horse” — Charlie Mackesy and Matthew Freud

-Best Documentary Short Film

“The Elephant Whisperers” — Kartiki Gonsalves and Guneet Monga

-Best International Feature Film

 “All Quiet on the Western Front” (Germany)

 -Best Costume Design

 “Black Panther: Wakanda Forever” — Ruth E. Carter

 -Best Makeup and Hairstyling

 “The Whale” — Adrien Morot, Judy Chin and Anne Marie Bradley

-Best Cinematography

“All Quiet on the Western Front” — James Friend

 -Best Live Action Short

“An Irish Goodbye” — Tom Berkeley and Ross White

Best Documentary Feature Film

“Navalny” — Daniel Roher, Odessa Rae, Diane Becker, Melanie Miller and Shane Boris

 -Best Supporting Actress

 Jamie Lee Curtis (“Everything Everywhere All at Once”)

 Best Supporting Actor

 -Ke Huy Quan (“Everything Everywhere All at Once”)

 -Best Animated Feature Film

 “Guillermo del Toro’s Pinocchio” — Guillermo del Toro, Mark Gustafson, Gary Ungar and Alex Bulkley

11 mins Ago

March 1, 2023

မင်းသမီးကြီး မီရှဲလ်ယို SAG ဆုရရှိသည့် ပထမဆုံး အာရှအမျိုးသမီးသရုပ်ဆောင်ဖြစ်လာ

မလေးရှားနိုင်ငံသူ ဟောလီးဝုဒ်နာမည်ကျော်ရှပ်ရှင်မင်းသမီးကြီး မီရှဲလ်ယိုဟာ  ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမှာ ထူးချွန်ပြောင်မြောက်စွာစွမ်းဆောင်နိုင်ခဲ့ကြတဲ့သရုပ်ဆောင်တွေကိုပေးအပ်တဲ့   Screen Actors Guild (SAG) Awards  ဆုကိုရရှိခဲ့တဲ့ ပထမဆုံး အာရှအမျိုးသမီး သရုပ်ဆောင် ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် SAG Awards ဆုပေးပွဲမှာ မင်းသမီး  မီရှဲယ်ယိုက   “Everything Everywhere All at One” ရုပ်ရှင်ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

မင်းသမီး  မီရှဲယ်ယိုက “ဒီဆုက ကျမတယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒါဟာ ကျမနဲ့တူတဲ့ မိန်းကလေးတိုင်းအတွက်ပါ” လို့ ပြောပါတယ်။

“Everything Everywhere All at One” ရုပ်ရှင်ကို ၂၀၂၂ခု ဩဂုတ် ၃၁ ရက်က ပြင်သစ်နိုင်ငံမှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ရုပ်ရှင်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ကုန်ကျခံ ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ အပြိုင်စကြဝဠာကို ခုန်ကူးနေတဲ့ စူပါဗီလိန်ကို တိုက်ခိုက်ခဲ့တဲ့ တရုတ်-အမေရိကန် မိသားစုအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီး အကောင်းအမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ ဒါရိုက်တာဆုနဲ့ ရုပ်ရှင်ဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။

SAG ဆုပေးပွဲမှာ “Everything Everywhere All at One” က အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့တဲ့အတွက် ‌နောက်လမှာကျင်းပမယ့် အော်စကာဆု‌ပေးပွဲအတွက်လည်း ရေပန်းစားနေတာ ဖြစ်ပါတယ်။

မင်းသမီးကြီး မီရှဲလ်ယို ဆုမရခင် ၂၈ ကြိမ်မြောက် SAG ဆုပေးပွဲမှာ Squid Game ဇာတ်လမ်းတွဲရဲ့ တောင်ကိုရီးယားသရုပ်ဆောင် လီဂျောင်ဂျေးက ပထမဆုံး အာရှအမျိုးသား အနေနဲ့ အကောင်းဆုံး‌ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

2 weeks Ago
Up