ဥရောပထိပ်သီးအသင်းတွေ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ မီလန်ကိုဗစ်အတွက် လာဇီယိုအသင်းက အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ အထိ အလိုရှိနေပါတယ်။
အသက် ၂၇ နှစ်အရွယ် မီလန်ကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်တွေကစပြီး ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်နေခဲ့ပေမဲ့လည်း လာဇီယိုအသင်းမှာပဲ ဆက်ရှိနေသူ ဖြစ်ပါတယ်။
မီလန်ကိုဗစ်ကို ပရီးမီးယားလိဂ်အသင်းတွေနဲ့ PSG အသင်းတို့က စိတ်ဝင်စားနေကြောင်း သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောပါတယ်။
မန်ယူအသင်းဟာ အီတလီကလပ် ဖီအိုရင်တီးနားက ဆားဘီးယားနောက်ခံလူ မီလန်ကိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကင်းထောက်တွေ စေလွှတ်ထားပါတယ်။
အီတလီသတင်းစာ လာဂတ်ဇက် တာဒယ်လိုစပေါ့ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းကင်းထောက်တွေဟာ ပြီးခဲ့တဲ့တပတ်က ဘိုလော့ညာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို လာရောက်ခဲ့ပြီး မီလန်ကိုဗစ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
မန်ယူအသင်းမှာ ခံစစ်ပိုင်းပြဿနာတွေရှိနေပြီး ဝေဖန်မှုတွေရှိလာခဲ့ပြီးနောက်မှာ ဗဟို ခံစစ်မှူးတဦးထပ်ဝယ်ဖို့ မန်ယူအသင်းက ပြင်ဆင်လာခဲ့တာပါ။
အသက် ၂၄ နှစ်ရှိပြီး အရပ် ၆ပေ၅ လက်မ မြင့်တဲ့ မီလန်ကိုဗစ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ပါတီဆန်ဘဲလ်ဂရိတ်ကနေ ဖီအိုရင်တီးနားဆီ ပြောင်းရွှေ့လာခဲ့တာပါ။
သူဟာ ဖီအိုရင်တီးနားအတွက် စုစုပေါင်း ပွဲ ၁၆၀ ကစားပြီး ၁၄ ဂိုး သွင်းယူထားပါတယ်။ အင်တာမီလန်ကလည်း ခေါ်ယူလိုနေပြီး မန်ယူနဲ့ အပြိုင်ကြိုးပမ်းသွားရဖို့ရှိပါတယ်။
မန်ယူဗဟိုခံစစ်မှာ ဆားဘီးယားသားတစ်ဦးဖြစ်သူ နီမန်ဂျာဗီဒစ်လည်း ကစားခဲ့ဖူပြီး နောပ်ထပ် ဆားဘီးယားနောက်ခံလူတဦးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။