close

မီးတောင်ပေါက်ခဲ့မှု

close

December 7, 2021

မီးတောင်ပေါက်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ဂျာဗားကျွန်းပေါ်က နေအိမ်များကို ရှင်းလင်း

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်က အမြင့်ဆုံးမီးတောင် ပေါက်ကွဲအပြီး ဒီဇင်ဘာ ၆ ရက်မှာ ကျွန်းပေါ်က ရွာငယ်အတွင်း အိမ်တွေကနေ အပျက်အစီးတွေကို စေတနာ့ဝန်ထမ်းတွေက ရှင်းလင်းနေပါတယ်။ 

မီးတောင်ပေါက်ကွဲမှုကြောင့် ၁၅ ယောက် သေဆုံးပြီး ၂၇ ယောက် ပျောက်နေတယ်လို့ အင်ဒိုနီးရှား ကပ်ဘေးလျော့ပါးရေး အေဂျင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။ 

လူသားချင်း စာနာရေး အုပ်စု (ACT) ရဲ့ အဖွဲ့ဝင်တွေ ရိုက်ကူးဖြန့်ဝေထားတဲ့ ရုပ်သံထဲမှာတော့ နေအိမ်တွေအပြင်ဘက် အပျက်အစီးတွေ ပြန့်ကြဲနေပြီး ခေါင်မိုးတွေလည်း အခန်းတွေထဲ ကျွံကျနေတာ တွေ့ရပါတယ်။ 

ဒီဇင်ဘာ ၄ ရက်က စတင်ပေါက်ကွဲခဲ့တဲ့ မီးတောင်ကနေ မှုတ်ထုတ်လိုက်တဲ့ ပြာတွေဟာ ပတ်ဝန်းကျင်ရွာတွေရဲ့ ကောင်းကင်တခွင်ကို လွှမ်းခြုံခဲ့တာပါ။ 

မီးတောင်ဟာ ဒီဇင်ဘာ ၆ ရက် မနက်က ထပ်ပြီး ပေါက်ကွဲခဲ့တယ်လို့ အင်ဒိုနီးရှား မီးတောင်ဗေဒနဲ့ ဘူမိဗေဒဆိုင်ရာ အန္တရာယ် လျော့ပါးရေး ဌာန (PVMBG) က အတည်ပြုခဲ့ပါတယ်။ မီးတောင် ပေါက်ကွဲမှု နောက်ဆက်တွဲအနေနဲ့ ငလျင် လှုပ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။ 

1 min Ago
Up