close

မီးတောင်ပေါက်

close

October 10, 2021

လာပယ်မာကျွန်းတွင် မီးတောင်ပေါက်ကွဲပြီး ချော်ရည်များကြောင့် အဆောက်အအုံအချို့ ပျက်စီး

စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က မီးတောင်ပေါက်ကွဲပြီး ချော်ရည်တွေကြောင့် အောက်တိုဘာ ၉ ရက်နေ့မှာ အဆောက်အအုံအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မီးတောင်က ပိုပြင်းပြင်းထန်ထန် ပေါက်ကွဲနေတာကြောင့် ချော်ရည်တွေ ပန်းထွက်နေပြီး ချော်ရည်စီးကြောင်းတွေက ကမ်ဘရေ ဗေးဂျာ မီးတောင်ရဲ့ တောင်စောင်း တလျှောက် စီးဆင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ချော်ရည်တွေက ကော်လေဂျွန် ဒေလာ ဂါတာရွာက အဆောက်အအုံ  ၄  ခုထက် မနည်းကို ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီမီးတောင်ဟာ စက်တင်ဘာ ၁၉ ရက်က စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ခုထိ အဆောက်အအုံ ၈၀၀ ကျော် ဖျက်ဆီးခဲ့ပြီးပါပြီ။ ကျွန်းပေါ်က လူအယောက် ၆၀၀၀ ကျော်လည်း အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

လူဦးရေ ၈၃၀၀၀   ရှိတဲ့ လာပယ်မာကျွန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကာနာရီ ကျွန်းစု တွေထဲက ကျွန်းတကျွန်း ဖြစ်ပါတယ်။ 

1 hour Ago

October 3, 2021

စပိန်တွင် မီးတောင်ပေါက်ကွဲပြီး လေထုညစ်ညမ်းနေ

 စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က မီးတောင်ပေါက်ကွဲမှုကို အရေးပေါ်ဌာနက အနီးကပ် စောင့်ကြည့်နေပါတယ်။ လေထုအရည်အသွေး ပိုဆိုးလာလို့ ထောင်ချီတဲ့လူတွေ အိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက သောကြာညမှာ စပြီး တိုက်တွန်းထားပါတယ်

စစ်ဘက် အရေးပေါ်တပ်ဖွဲ့ဝင်တွေက ကမ်ဘရေဗေးဂျာ မီးတောင်ပတ်လည်က အခြေအနေတွေကို စစ်ဆေးနေခဲ့ပါတယ်။

မီးတောင်အူကြောင်းအသစ်ကနေ ချော်ရည်တွေ ထွက်လာတာ ပိုများလာနေတယ်လို့ ကာနာရီ မီးတောင်ဗေဒဌာနက ပြောပြီး ပေါက်ကွဲမှု ဖြစ်နိုင်ခြေအသစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုဒဏ်ကို အခံရဆုံးဖြစ်တဲ့ အာရီဒါနီနဲ့ အယ်လ်ပါဆို မြို့ခံတွေကို အရေးပေါ်ဌာနတွေက သောကြာညကစပြီး အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက် ထုတ်ပြန်ခဲ့ပါတယ်။

မြို့ခံ လူဦးရေ ၃၅၀၀ လောက်ဟာ အိမ်ထဲမှာ ပြတင်းပေါက်တွေ တံခါးတွေပိတ်ပြီး နေရမှာ ဖြစ်သလို ပြင်ပလေထု အိမ်ထဲ မဝင်ရအောင် အပူပေးစက်နဲ့ လေအေးပေးစက်တွေကိုလည်း ပိတ်ထားရမှာပါ။

စန်ဘိုရွန်ဒွန်၊ မာရီနာအော်တာ၊ မာရီနာဘာဂျာနဲ့ လာကွန်ဒေဆာ ဒေသတွေမှာလည်း အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် အမိန့်ထုတ်ထားပြီးပါပြီ။

မီးတောင် ပေါက်ကွဲတဲ့ စက်တင်ဘာ ၁၉ ရက်ကနေ ခုထိ အဆောက်အအုံ ၈၀၀ ကျော် ပျက်စီးပြီး လူပေါင်း ၆,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပါတယ်။

1 week Ago
Up