close

မီးပုလင်းအပစ်ခံရ

close

November 14, 2021

မန္တလေးမြို့ ကျောက်သပိတ်ရဲကင်းစခန်း မီးပုလင်းဖြင့် ပစ်ခံရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားရှိ ကျောက်သပိတ်ရဲကင်းစခန်း နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီဝန်းကျင်အချိန်က လက်လုပ်ဗုံး မီးပုလင်းနဲ့ ပစ်ခံရပါတယ်။

ရဲစခန်း နောက်ကျောဘက်ကနေ အမည်မသိ လူငယ် နှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပစ်တာ ဖြစ်ပြီး ရဲကင်းအတွင်းရှိ အိပ်ဆောင် အနည်းငယ် မီးစွဲလောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ကျောက်သပိတ်ရဲကင်းစခန်း လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပြီး အနီးပတ်ဝန်းကျင်ရှိ အမျိုးသမီး ၂ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

4 mins Ago

September 10, 2021

လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မီးပုလင်းအပစ်ခံရပြီး မီးလောင်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ စက်တင်ဘာ ၁၀ ရက်မှာ မီးပုလင်းနဲ့အပစ်ခံခဲ့ရပြီး အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့လယ် ၂ နာရီကျော်လောက်က မီးပုလင်းနဲ့ အပစ်ခံရပြီး အုပ်ချုပ်ရေးမှူးရုံ အဆောက်အအုံ အနည်းငယ်မီးလောင်သွားပေမဲ့ လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။  မီးပုလင်းပစ်တဲ့သူကိုလည်း ဖမ်းမမိလိုက်ဘူးလို့ သိရပါတယ်။

2 months Ago
Up