close

မီးပွိုင့်တာဝန်ကျယာဉ်ထိန်းရဲ

close

September 22, 2021

မုံရွာမြို့ မီးပွိုင့်တာဝန်ကျယာဉ်ထိန်းရဲ ၁ ဦးသေနတ်ဖြင့်ပစ်ခံရ

မုံရွာမြို့၊ ကားလေးကွင်းအနားရှိ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းထောင့် မီးပွိုင့်မှာ တာဝန်ကျ ယာဉ်ထိန်းရဲတစ်ဦးကို စက်တင်ဘာ ၂၂ ရက် မနက် ၁၁ ခွဲကျော်လောက်က  ပတ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့  အနီးနားနေ  ပြည်သူတွေထံက သိရပါတယ်။

“အမည်မသိလူတစ်ဦးက ယာဉ်ထိန်းရဲကိုပစ်သွားတာ။ ရုတ်တရက်ကြီး ပစ်တာဆိုတော့ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ လမ်းသွားလမ်းလာအကုန်လုံးကြောက်ပြီး ထွက်ပြေးကြတယ်။ ဘယ်သူမှ မကြည့်ရဲကြဘူး” လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ယာဉ်ထိန်းကတော့ သေသလား၊ ရှင်သလားအတည်ပြုလို့ မရသေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါမီးပွိုင့်မှာ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ် စစ်ဆေးနေကာ  လူနာတင်ကားတစ်စီးလည်း ရောက်ရှိနေပါတယ်။

12 mins Ago
Up