close

မီးဘေးဒုက္ခသည်

close

April 11, 2023

နမ့်ဖတ်ကာ မီးဘေးဒုက္ခသည် မိသားစုဝင် ၁၀၀ နီးပါး အကူအညီလိုအပ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမြို့ မန်နိမ့်အုပ်စု မိုင်လွမ်းရွာမှာ  ဧပြီ ၇ ရက် ညက မီးလောင်မှုဖြစ်ပွါးပြီး နေအိမ် ၂၇ လုံး မီးထဲပါသွားတာကြောင့် မိသားစုဝင် ၁၀၀ နီးပါး စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရပါတယ်။ 

အဆိုပါရွာမှာ အိမ်ခြေစုစုပေါင်း ၃၃ လုံးရှိပြီး ၂၇ လုံးမီးထဲပါသွားတာကြောင့် မိသားစုဝင်တွေဟာ သူတို့ဆွေမျိုးနီးစပ်ရွာတွေမှာရော ကွတ်ခိုင်မြို့ပေါ်မှာပါ သွားရောက်ခိုလှုံနေရပြီး တဝက်ကျော်က တော့ ကျေးရွာမူလတန်းကျောင်းမှာ စုနေရတယ်လို့  ဧပြီ ၁၀ ရက် က မီးဘေးသင့်သူတွေ သွားရောက်ကူညီခဲ့တဲ့ပေးသောလက်စေတနာရှင် သွေးနှင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်မော်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့တွေ့ခဲ့တာတော့  ကျေးရွာမူလတန်းကျောင်းမှာ ခိုလှုံနေတာ အမျိုးသမီး၊ အမျိုးသား၊ ကလေးတွေပါ စုစုပေါင်း ၆၀ ကျော်ရှိပါတယ်၊ တချို့က မြို့ပေါ်နဲ့ သူတို့ဆွေမျိုးအိမ်မှာ သွားနေ ကြတယ်။ အိမ်တွေအကုန်မီးထဲပါသွားပြီး ဘာမှမရလိုက်တော့ လိုအပ်တာတော့ အကုန်ပါဘဲ။ ကျနော်တို့အဖွဲ့က အလှူရှင်တွေလှူလိုက်တဲ့ ဆန်၊ ဆီ၊ ဟင်းချက်စရာနဲ့ အဝတ်အထည်၊ အသုံး အဆောင်တွေ သွားလှူခဲ့ပါတယ်။ သူတို့အလိုအပ်ဆုံးက နေစရာအတွက် အိမ်ဆောက်ပစ္စည်းတွေလို့ ပြောတယ်ခင်ဗျ။ ”

လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း ( ရှမ်း/မြောက် )ကလည်း ဒီကနေ့မွန်းလွဲပိုင်းမှာ ဆန်အိတ် ၅၀၊ သွပ်ပြား အချပ် ၁၅၀ ၊ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ သွားရောက် လှူဒါန်းခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။ 

ကွတ်ခိုင်ဒေသခံ တဦးကတော့ အိမ်တအိမ်ရဲ့ ဘေးမှာရှိတဲ့ အမှိုက်ပုံကနေ  မီးစလောင်တာဖြစ်ကြောင်းနဲ့ အဆိုပါရွာဟာ ကွတ်ခိုင်မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် မီး သတ်ကားတွေ နောက်ကျမှရောက်လာတယ်လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံးအပြင် မော်တော်ကားနဲ့ ဆိုင်ကယ်တွေပါ ဆုံးရှုံးကြောင်း၊ အိမ်တွေဟာလည်း တိုက်အိမ်၊ ပျဉ်ထောင်အိမ်တွေဖြစ်ကြောင်း၊ အဲဒီရွာမှာ တရုတ်နဲ့ ပလောင်တိုင်းရင်းသားတွေနေထိုင်ပြီး တောင်ယာလုပ်ငန်း ၊ လက်ဖက်ခြံလုပ်ငန်းတွေနဲ့ အသက်   မွေးဝမ်းကျောင်းကြတယ်လို့ ကွတ်ခိုင်ဒေသခံက ပြောပါတယ်။

PHOTO -Given Hand

8 mins Ago

February 15, 2022

မဟာအောင်မြေမြို့နယ်၌ မီးလောင်ပြီး လူဦးရေ ၁၀၀ ကျော် မီးဘေးဒုက္ခသည်ဖြစ်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဥ်ရပ်ကွက်၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြား၊ ၇၄ လမ်း နဲ့ ၇၅ လမ်းကြားမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၇ နာရီခွဲလောက်က  မီးလောင်မှုဖြစ်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူနေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းတဲ့အကြောင်းရင်းကိုတော့  စစ်ဆေးနေစဲပဲလို့ မီးသတ်ဦးစီးဌာန က သိရပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၇ စု၊ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် ကို ဆူးလေဗလီအတွင်း ကယ်ဆယ်ရေးစခန်းဖွင့် ယာယီခိုလှုံခွင့် ပေးထားရပါတယ်။

1 year Ago
Up